နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ်ရဲ့ တစ်ယောက်တည်းဂိုးတွေဖန်တီး၊ တစ်ယောက်တည်းဂိုးတွေသွင်းခဲ့တဲ့ ကိန်းနဲ့ ဆွန်

စက်တင်ဘာ  ၂၂


ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၂)မှာ စပါးနဲ့ ဆောက်သမ်တန်တို့ ဆုံတွေ့ခဲ့ရာမှာ ပွဲချိန် ၄ မိနစ်လောက်မှာ တိုက်စစ်မှူး ဟာရီကိန်းရဲ့ မြေမကျပတ်ကန်သွင်းမှုဟာ VAR နဲ့ ပြန်လည်ပယ်ဖျက်ခံခဲ့ရပါတယ်။ ဦးဆောင်ဂိုးကို ဆောက်သမ်တန်က ဒန်နီရယ်အင့်ချ်က သွင်းယူခဲ့ပါတယ်။ စပါးတို့အတွက် ချေပဂိုးကို ကွင်းလယ်သာသာက ကိန်း ပေးပို့တဲ့ ဘောလုံးကို ဆွန်က ပြေးထွက်ရယူဆွဲသွင်းခဲ့တာကြောင့် ချေပဂိုးရခဲ့ပါတယ်။ ဒုတိယပိုင်းအစ ၂ မိနစ်ခန့်မှာပဲ ကိန်းရဲ့ပေးပို့မှုကနေ ဆွန်ဟာ နောက်ခံလူတွေနဲ့ ယှဉ်လုပြီး အပိုင်အဆုံးသတ်နိုင်တာကြောင့် ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။ တတိယဂိုးကလည်း ကိန်းရဲ့ ကွင်းလယ်ကနေ ခုတ်တင်ပေးတာကို ဆွန်က ရယူကာ အပြင်းကန်သွင်းယူခဲ့တာပါ။ စတုတ္ထဂိုးမှာလည်း ကိန်းတင်ပေးလိုက်တာကို ဆွန်ကပဲ ပွဲချိန် ၇၃ မိနစ်မှာ ရင်ဘတ်နဲ့ထိန်းယူကန်သွင်းကာ ဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ တစ်ပွဲလုံးမှာ ဆွန်က ၄ ဂိုးသွင်းခဲ့ပါတယ်။ ဒီ ၄ ဂိုးစလုံးကိုလည်း ကိန်းတစ်ယောက်တည်းကပဲ ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းမှာ တစ်ဦးတည်း ၄ ဂိုးသွင်းဖို့ တစ်ဦးတည်းက ၄ ဂိုးဖန်တီးမှုဟာ ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ စပါးတို့အတွက် အပိတ်ဂိုးကိုတော့ ကိန်းကပဲ ပွဲချိန် ၈၂ မိနစ်မှာ ဂိုးသမားပုတ်ထုတ်လိုက်လို့ အန်ကျလာတဲ့ ဘောလုံးကိုပိတ်သွင်းကာ ရယူခဲ့တာဖြစ်ပါတယ်။ ဆောက်သမ်တန်တို့အတွက်လည်း အင့်ချ်ကပဲ နောက်ဆုံး မိနစ်အရောက်မှာ ပင်နယ်တီကနေတစ်ဆင့်  နှစ်သိမ့်ဂိုးသွင်းယူခဲ့ပါတယ်။ စပါးတို့အတွက် ၄ ဂိုးဖန်တီးပေးပြီး ကိုယ်တိုင် တစ်ဂိုးသွင်းယူခဲ့တဲ့ ကိန်းဟာ ၂၀၁၈  မတ်လက ဆာလာရဲ့ ၅ ဂိုးတိုက်ရိုက်ပါဝင်ပတ်သက်မှုစံချိန်ကို ပထမဆုံးအကြိမ်လိုက်မီခဲ့တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ တကယ်တော့ ဒါဟာ ကိန်းအတွက် ဒုတိယအကြိမ်လုပ်ပြနိုင်ခဲ့တဲ့ စံချိန်တစ်ခုပါ။    

(SO)






အခြားဆက်စပ်သတင်းများ