နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သင်ရိုးသစ်ပြောင်းလဲမည့် အတန်းများအတွက် ဆရာ၊ ဆရာမများ သင်တန်းပို့ချမှုကို အွန်လိုင်းတွင်သာ ဆောင်ရွက်မည်

ရန်ကုန် ဧပြီ ၂၅ လာမည့် ကျောင်းဖွင့်ချိန်တွင် စတင်ပြောင်းလဲမည့် သင်ရိုးသစ် Grade- 4, 7, 10 အတန်းများအတွက် သင်ပြနည်း အွန်လိုင်းပို့ချမှုသင်တန်းများ မေလဆန်းတွင် စတင်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းကပြောသည်။ လာမည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းဖွင့်ချိန်တွင် အခြေခံပညာ အတန်းများအနက် စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးသစ်ပြောင်းလဲ သင်ကြားမည်ဖြစ်ပြီး သင်ရိုးသစ်အတန်းများ သင်ပြနည်းအတွက် တစ်နိုင်ငံလုံးရှိ ဆရာ/ဆရာမ လေးသိန်းခွဲကို ဧပြီ၊ မေလတွင် သင်တန်းပေးရန် ပညာရေးဝန်ကြီးဌာနမှ မူလကစီစဉ်ထားသော်လည်း COVID-19 ကူးစက်ကပ်ရောဂါကြောင့် သင်တန်းမျာကို ဆိုင်းငံ့ခဲ့ရသည်။ သင်ရိုးသစ်အတွက် ဆရာ/ဆရာများကို မဖြစ်မနေ သင်တန်းပေးထားရန် လိုအပ်ခြင်းကြောင့် အွန်လိုင်းနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် သင်တန်းပို့ချရန် စီစဉ်နေကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောသည်။ အဆိုပါသင်တန်းကို မေလ ပထမပတ်ခန့် စတင်နိုင်ရန်ဆောင်ရွက်လျက်ရှိပြီး သင်တန်းများ မစခင် ကြိုတင်၍ ပြည်သူကို အသိပေးခြင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV ၊ Education Online Channel၊ ပညာရေးဝန်ကြီးဌာန Facebook နှင့် Website တို့မှ ကြိုတင်ကြေညာခြင်းများ ဆောင်ရွက်မည်ဖြစ်သည်။ သင်တန်းတက်ရမည့် ဆရာ/ဆရာမများအနေဖြင့် Website မှာ မှတ်ပုံတင်(Registration) လုပ်၍ ဖောင်ဖြည့်ရမည်ဖြစ်သည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ