စက်တင်ဘာ ၂၂၊ ဟိုနီယာရာ
မပေါက်ကွဲသေးသည့်ဗုံးများ ရှင်းလင်းဖယ်ရှားပေးခြင်းကို ကူညီပေးနေသည့် အေဂျင်စီအတွက် အလုပ်လုပ်နေသည့် အမျိုးသားနှစ်ဦးမှာ ဆော်လမွန်ကျွန်းတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းကြောင့် သေဆုံးခဲ့သည်။ ဗြိတိန်နိုင်ငံသား အက်ကင်ဆန်နှင့် သြစတြေးလျနိုင်ငံသား ထရန့်လီတို့မှာ Norwegian People's Aid အေဂျင်စီတွင် အလုပ်လုပ်နေသူများဖြစ်သည်။ ပြီးခဲ့သည့်တနင်္ဂနွေနေ့က ဟိုနီယာရာမြို့ရှိ လူနေထိုင်ရာအရပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းတွင် စစ်မြေပြင်ဖြစ်ခဲ့သည့် ဆော်လမွန်ကျွန်းတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသည့် ဗုံးအများအပြား ရှိနေသည်။ ယခုဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမှာ ဝမ်းနည်းစရာ မတော်တဆမှုဖြစ်ကြောင်း Norwegian People's Aid က မှတ်ချက်ပေးခဲ့သည်။ ၂၀၂၃ ခုနှစ် ပစိဖိတ်အားကစားပွဲများမတိုင်မီ ဟိုနီယာရာမြို့ ဗုံးရှင်းလင်းရာနေရာများတွင် အလုပ်သမားများက ဗုံးရှင်းလင်းမှုများ လုပ်ဆောင်နေသည်။
Ref:BBC(KNT)