နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘော့စဝါနာနိုင်ငံတွင် ဆင်အကောင်ရေရာချီ သေဆုံးခဲ့သည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ခဲ့

စက်တင်ဘာ ၂၂၊ ဂါဘိုရိုနီ


ဘော့စဝါနာနိုင်ငံတွင် ဒွိဟဖြစ်စရာ အခြေအနေမျိုးဖြင့် ဆင်အကောင်ရေ ရာချီသေဆုံးခဲ့သည့် အကြောင်းရင်းမှာ  ရေထဲရှိ အလွန်သေးငယ်သည့် ရေညှိကြောင့် အဆိပ်မိခဲ့ခြင်းဟု သားရဲတိရစ္ဆာန် အရာရှိများက ပြောသည်။ ဘော့စဝါနာနိုင်ငံမှာ အာဖရိကတိုက်ရှိ ဆင်အကောင်ရေ၏ သုံးပုံ၊ တစ်ပုံ ကျက်စားသည့်နေရာဖြစ်သည်။ ပြီးခဲ့သည့်မေလနှင့် ဇွန်လအတွင်း ဘော့စဝါနာနိုင်ငံရှိ အိုကာဗန်ဂိုမြစ်ဝှမ်းတွင် ဆင်သေကောင်အများအပြား တွေ့ရှိခဲ့ပြီးနောက် အဆိုပါဖြစ်ရပ်ကို သတိထားမိခဲ့ကြသည်။ 

ဆိုင်ယာနိုဘက်တီးရီးယားကို စားမိခြင်းကြောင့် သေဆုံးခဲ့သည့်ဆင်အကောင်ရေ ၃၃၀ ရှိကြောင်း အရာရှိများက ပြောသည်။ အဆိပ်သင့်ဘက်တီးရီးယားမှာ ရေသေတွင် သဘာဝအတိုင်း ဖြစ်ပေါ်လာနိုင်ပြီး တစ်ခါတရံတွင် စိမ်းပြာရောင် ရေညှိများအဖြစ် ကြီးထွားလာလေ့ရှိသည်။ တောင်အာဖရိက၊ ကနေဒါ၊ ဇင်ဘာဘွေနှင့် အမေရိကန်နိုင်ငံများရှိ အထူးဓာတ်ခွဲခန်းများတွင် လပေါင်းများစွာ စမ်းသပ်မှုလုပ်ခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဆင်သေကောင် အများအပြားကို ရေအိုင်များအနီးတွင် တွေ့ရခြင်းဖြစ်သည်။ သို့သော် ရေညှိများမှာ ရေကန်အစပ်တွင်သာ ဖြစ်ပေါ်လေ့ရှိပြီး ဆင်များက ရေအိုင်အလယ်မှ ရေသောက်ကြလေ့ရှိခြင်းကြောင့် ယခုရလဒ်မထွက်မီအချိန်အထိ သားရဲတိရစ္ဆာန်အရာရှိများက ဆိုင်ယာနိုင်ဘက်တီးရီးယားကြောင့် ဆင်များ သေဆုံးခဲ့သည်ဆိုခြင်းအပေါ် သံသယဖြစ်ခဲ့ကြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ