နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခင်ပွန်းက ကိုယ်ဝန်ဆောင်ဇနီး၏ ဝမ်းဗိုက်ကို တံစဉ်ဖြင့်လှီးခဲ့၍ ကလေးအသေ မွေးဖွား

စက်တင်ဘာ ၂၂၊ နယူးဒေလီ


ခင်ပွန်းသည်က ကိုယ်ဝန်ဆောင် ဇနီး၏ဝမ်းဗိုက်ကို တံစဉ်ဖြင့် လှီးခဲ့ခြင်းကြောင့် ကလေးအသေ မွေးဖွားခဲ့သည်ဟု အိန္ဒိယရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါအမျိုးသားက ကလေးငယ်ကို ယောကျ်ားလေး၊ မိန်းမလေး သိရရန်အတွက် ဇနီး၏ဝမ်းဗိုက်ကို တံစဉ်ဖြင့် လှီးခဲ့ခြင်းကြောင့် အမျိုးသမီး၏မိသားစုက ပြောသည်။ ယင်းတို့လင်မယားနှစ်ဦးတွင် သမီးငါးဦး ထွန်းကားခဲ့ခြင်းကြောင့် အဆိုပါအမျိုးသားက ဇနီးသည်ကို သားယောကျ်ားလေး မွေးပေးရန် ဖိအားပေးခဲ့သည်ဟု ဆိုသည်။ သို့သော် လက်ရှိအချိန်တွင် ဖမ်းဆီးခံထားရသည့် အမျိုးသားက ဇနီးသည်ကို ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင် လုပ်ခဲ့ခြင်းမဟုတ်ဘဲ မတော်တဆ ထိခိုက်မိခဲ့ခြင်းဟု ဆိုသည်။ 

အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ လူဦးရေအထူထပ်ဆုံးဖြစ်သည့် ဥတ္တရာပရာဒက်ရှ်ပြည်နယ် ဘာဒူအန်ခရိုင်တွင် ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဒဏ်ရာရခဲ့သည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ နယူးဒေလီမြို့ရှိ ဆေးရုံတွင် စိတ်ချရသည့် ကျန်းမာရေးအခြေအနေ ရှိကြောင်း ရဲအရာရှိများက ပြောသည်။ ယင်းတို့လင်မယားနှစ်ဦးမှာ သားယောကျ်ားလေး မမွေးသည့် ကိစ္စနှင့်ပတ်သက်၍ တကျက်ကျက် စကားများလေ့ရှိသည်ဟု အမျိုးသမီး၏ အစ်မက ဒေသခံမီဒီယာတစ်ခုသို့ ပြောသည်။ အိန္ဒိယနိုင်ငံမှ မိဘများက သားယောကျ်ားလေး မွေးဖွားလာသည့် စိတ်ဆန္ဒပြင်းထန်ခြင်းကြောင့် ကျား၊ မ အချိုးအစား မညီမျှမှု ဖြစ်ပွားခဲ့သည်။ ပြီးခဲ့သည့်နှစ် ၅၀ အတွင်း အိန္ဒိယနိုင်ငံတွင် မိန်းကလေးငယ် ၄၆ သန်း ပျောက်ဆုံးခဲ့သည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)က ပြောသည်။ အိန္ဒိယနိုင်ငံတွင် ကျား၊ မ ရွေးချယ်မွေးဖွားသည့်စနစ်ကြောင့် နှစ်စဉ်နှစ်တိုင်း ကိုယ်ဝန်ဖျက်ချမှုများကြောင့် မိန်းကလေး ၄၆၀၀၀၀ သေဆုံးခဲ့ရသည့်အပြင် မိန်းကလေးမွေးဖွားလာပါကလည်း တမင်တကာ ဂရုမစိုက်ဘဲ ထားခြင်းကြောင့် သေဆုံးရသည့် မိန်းကလေးအရေအတွက်မှာ ပိုမိုများပြားသည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ