စက်တင်ဘာ ၂၂၊ ယောင်အန်ဒီ
၂၀၁၅ ခုနှစ်က အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်နှစ်ဦးကို ပစ်သတ်ခဲ့ခြင်းကြောင့် ကင်မရွန်း စစ်သည်လေးဦးကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။ ကင်မရွန်းစစ်သည်များက အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်နှစ်ဦး၏ မျက်စိကို အဝတ်စည်းပြီး ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်ရပ်ကို ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းမှာ ၂၀၁၈ ခုနှစ်က လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည်။
အစောပိုင်းတွင် ကင်မရွန်းအစိုးရက အဆိုပါဗီဒီယိုကို ငြင်းဆန်ခဲ့ပြီး သတင်းတုဖြစ်သည်ဟု တုံ့ပြန်ခဲ့သည်။ သို့သော် BBC Africa Eye ၏ စုံစမ်းစစ်ဆေးမှုအရ ကင်မရွန်းနိုင်ငံမြောက်ဖျား နိုင်ဂျီးရီးယားနိုင်ငံ နယ်စပ်အနီးရှိ ရွာတစ်ရွာတွင် အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းဖော်ထုတ်နိုင်ခဲ့သည်။ ကင်မရွန်းစစ်သည်များက အမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်နှစ်ဦး၏ မျက်လုံးကို အဝတ်များစည်းကာ မြေပြင်ပေါ်တွင် မှောက်ထားခိုင်းပြီး ၂၂ ချက်တိုင်တိုင် ပစ်ခတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းတွင် တွေ့ရသည်။
Ref:BBC(KNT)