နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုမှု ယခင်နှစ်ကာလတူ အချိန်ထက် ဆယ်ရာခိုင်နှုန်းကျော် ကျဆင်း

ရန်ကုန် ဧပြီ ၂၅ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ၂၀၂၀ ပြည့်နှစ် သုံးလပတ်အတွင်း လေဆိပ်အသုံးပြုသူ ၁ ဒသမ ၄၆ သန်း လက်ခံဝန်ဆောင်မှုပေးခဲ့ရပြီး COVID- 19 ဂယက်ကြောင့် ကမ္ဘာ့လှည့် ခရီးသွားလာခွင့် ကန်သတ်ချက်များ ရှိလာရာ ယမန်နှစ်ကာလတူ အချိန်နှိုင်းယှဉ်ချက်အရ ၁၇ ဒသမ ၁၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ယမန်နှစ် ကာလတူအချိန်က နိုင်ငံတကာခရီးသွားဝင်ထွက်သွားလာမှုမှာ ၁၁၉၆၀၄၂ မှ ၈၈၃၁၄၉ အထိ ကျဆင်းခဲ့ပြီး ၂၆ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သော်လည်း ပြည်တွင်းခရီးသည်ဝင်ထွက် သွားလာမှုသည် ၅၆၀၉၇၈ မှ ၅၇၂၆၅၆ အထိ ၂ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် စာရင်းများအရ သိရသည်။ ၂၀၂၀ ပြည့်နှစ်၊ ပထမ သုံးလပတ်အတွက် လေကြောင်းခရီးစဉ်ပျံသန်းမှုအကြိမ်ရေပေါင်း ၁၈၉၄၉ ကြိမ်ရှိခဲ့ပြီး ယမန်နှစ်ကာတူနှင့် နှိုင်းယှည်ပါက ၃ ဒသမ ၉၆ ရာခိုင်နှုန်းတိုးမြင့်လာခြင်းသည် ယခုကာလအတွင်း အပြည် ပြည်ဆိုင်ရာလေကြောင်းလိုင်းများနှင့် နှိုင်းယှဉ်ပါက ပိုမိုသေးငယ်သော လေယာဉ်အမျိုးအစားများ အသုံးပြု ပြေးဆွဲသည့် ပြည်တွင်းလေကြောင်းလိုင်းများ၏ ခရီးစဉ်ပျံသန်းမှုများ ပိုမိုများပြားလာခဲ့ခြင်း၏ အကျိုးဆက် ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူက ပြောသည်။ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုကြောင့် လေကြောင်းသယ်ယူ ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ဆုံးဖြတ်ချက်အတိုင်း ၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်မှစ၍ ဧပြီ ၃၀ ရက်အထိ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ဆိုက်ရောက်၊ ထွက်ခွာ ပျံသန်းလျက်ရှိသော အပြည်ပြည်ဆိုင်ရာ ခရီးစဉ်များအားလုံးကို ရပ်ဆိုင်းထားပြီး ဖြစ်ကာ အချို့သော ပြည်တွင်းလေကြောင်းခရီးစဉ်များမှာမူ ပျံသန်းမှုအကြိမ်ရေ လျှော့ချပျံသန်းလျက်ရှိပြီး မရှိ မဖြစ်လိုအပ်သော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအတွက် ကုန်စည်သယ်ယူရေးလေယာဉ်များနှင့် ကယ် ဆယ်ရေးလေယာဉ်များကို ဆက်လက်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထုတ်ပြန်ထားသည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ