နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူဂန်ဒါနိုင်ငံ၏ သမိုင်းဝင်အဆောက်အအုံဖြစ်သည့် မက်ခီရီရီတက္ကသိုလ် မီးလောင်ပျက်စီး

စက်တင်ဘာ ၂၁၊ ကမ်ပါလာ


ယူဂန်ဒါနိုင်ငံမြို့တော် ကမ်ပါလာမြို့၏ သမိုင်းဝင်အဆောက်အအုံတစ်ခုဖြစ်သည့် မက်ခီရီရီတက္ကသိုလ်မှာ မီးလောင်ကျွမ်းခြင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးခဲ့သည်။ ဆင်စွယ်မျှော်စင်ဟု လူသိများသည့် မက်ခီရီရီတက္ကသိုလ်မှာ စက်တင်ဘာလ ၂၀ ရက် အစောပိုင်းက မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။


မီးလောင်ကျွမ်းမှုကြောင့် အဖြူရောင်နံရံများ ပျက်စီးဆုံးရှုံးခဲ့ပြီး အပြာရောင်ပြတင်းပေါက်များလည်း အနက်ရောင် ဖြစ်ခဲ့သည်။ အာဖရိကတိုက်၏ ရှေးအကျဆုံး၊ ဂုဏ်သိက္ခာအကြီးမားဆုံး တက္ကသိုလ်တစ်ခု ဖြစ်သည့် မက်ခီရီရီ တက္ကသိုလ် မီးလောင်ခဲ့ခြင်းကို ကမ်ပါလာရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။
မက်ခီရီရီတက္ကသိုလ်မီးလောင်ပျက်စီးခဲ့ခြင်းမှာ မယုံနိုင်စရာဖြစ်သည်ဟု ဒုတိယအဓိပတိက ပြောသည်။


'' မက်ခီရီရီတက္ကသိုလ်အတွက် အရမ်းမှောင်မိုက်တဲ့ နံနက်ခင်းပါ။ ကျွန်တော်တို့ရဲ့အထင်ကရ ပင်မအုပ်ချုပ်ရေးအဆောက်အအုံ မီးလောင်ပျက်စီးခဲ့တာ မယုံနိုင်စရာပါ။ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သမျှ အမြန်ဆုံးထားပြီး ဒီအဆောက်အအုံကို ရှိရင်းစွဲအခြေအနေ ပြန်ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်''ဟု ဒုတိယအဓိပတိ နာဝမ်ဂီက တွစ်တာပေါ်တွင် ရေးသားခဲ့သည်။


မက်ခီရီရီ တက္ကသိုလ်တွင် လောင်ကျွမ်းခဲ့သည့် မီးလောင်ကျွမ်းမှုကို တနင်္ဂနွေနေ့ မွန်းလွဲပိုင်းအထိ ငြှိမ်းသတ်ခဲ့ရသည်။ မက်ခီရီရီ တက္ကသိုလ်ကို ၁၉၂၂ ခုနှစ်က နည်းပညာကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဂုဏ်သိက္ခာကြီးမားသည့် တက္ကသိုလ်တစ်ခုဖြစ်လာခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ