နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံ၏ အနိုင်ကျင့်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု အီရန်သမ္မတ ကြုံးဝါး

စက်တင်ဘာ ၂၁၊ တီဟီရန်


အီရန်နိုင်ငံအပေါ် ကုလသမဂ္ဂက အရေးယူပိတ်ဆို့မှုများ ပြန်လည်ချမှတ်ရန် အမေရိကန်နိုင်ငံ၏ လှုပ်ရှားမှုမှာ ရှုံးနိမ့်မှုကြုံတွေ့နေပြီဟု အီရန်သမ္မတ ရူဟာနီက ပြောသည်။ အမေရိကန်နိုင်ငံ၏ တစ်ဖက်သတ်ကြေညာချက်မှာ တရားဥပဒေအရ အကျုံးမဝင်ကြောင်း ဥရောပမဟာမိတ်နိုင်ငံများက ပြောခဲ့ပြီးနောက် ရူဟာနီက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။


ရုပ်သံမှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် အမေရိကန်နိုင်ငံ၏ အနိုင်ကျင့်မှုကို ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမည်ဟု ရူဟာနီက ပြောသည်။ အမေရိကန်နိုင်ငံ နုတ်ထွက်ခဲ့သည့် စာချုပ်၏ သတ်မှတ်ချက်များအရ အီရန်နိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခဲ့ခြင်းဟု သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန်အစိုးရက ပြောသည်။ သို့သော် အမေရိကန်နိုင်ငံအနေဖြင့် ယင်းကဲ့သို့လုပ်ရန် အခွင့်အာဏာမရှိကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံများက ပြောသည်။


အဆိုပါနိုင်ငံ ၃ နိုင်ငံနှင့် တရုတ်၊ ရုရှား၊ အမေရိကန်နိုင်ငံတို့မှာ ၂၀၁၅ ခုနှစ်က အီရန်နိုင်ငံ၏ နျူကလီးယားအစီအစဉ်ကို ကန့်သတ်နိုင်ရန် သမိုင်းဝင် နျူကလီးယားဖျက်သိမ်းရေးစာချုပ် ချုပ်ဆိုခဲ့ကြသည်။ သို့သော် ၂၀၁၈ ခုနှစ်တွင် သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်နိုင်ငံကို အဆိုပါစာချုပ်မှ နုတ်ထွက်ခဲ့သည်။ ထို့ကြောင့် အီရန်နိုင်ငံက ယူရေနီယမ်သတ္တုများ ပိုမိုသန့်စင်မှုအပါအဝင် စာချုပ်ပါ ကတိကဝတ်များကို စတင်ချိုးဖောက်ခဲ့သည်။


အီရန်နိုင်ငံကို အပြစ်ပေးသင့်သည်ဟု အမေရိကန်နိုင်ငံက ဆိုခဲ့ပြီး ကုလသမဂ္ဂ၏ ဆိုင်းငံ့ထားသည့် အ‌ရေးယူပိတ်ဆို့မှုများကို ပြန်လည်ချမှတ်သင့်သည်ဟု ကြေညာခဲ့သည်။ သို့သော် အမေရိကန်နိုင်ငံ၏ ကြေညာချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် နိုင်ငံအားလုံးက ပယ်ချခဲ့သည်။ အမေရိကန်နိုင်ငံက ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းကြောင့် မည်သည့်သက်ရောက်မှု ဖြစ်နိုင်သည်ဆိုခြင်းကို အတိအကျ မသိရသေးပေ။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ