နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယမကာနှင့် ကျန်းမာရေး

စက်တင်ဘာ  ၂၁


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ စစ်တမ်းများအရ ကမ္ဘာပေါ်တွင် လူဦးရေ သန်း ၂၀၀ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံးကြောင်းနှင့် သန်း ၈၀ နီးပါးမှာ အရက်ယမကာကြောင့်ဖြစ်သော ဝေဒနာများ ခံစားနေရသည်ဟု လေ့လာတွေ့ရှိချက်ကို ထုတ်ပြန်ထားသည်။ မူးယစ်ထုံထိုင်းစေခြင်းသည် လူတစ်ဦးချင်း လူတစ်ယောက်ချင်း သာမက လူသားမျိုးနွယ် တည်တံ့ရေးအတွက် ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။ ယခုအခါ နေထိုင်မှုပုံစံ ပြောင်းလဲမှုကို အကြောင်းအမျိုးမျိုးပြပြီး အရက်သောက်သုံးသူများ ပိုမိုများပြားလာ၏။ အရက်၊ ဘီယာ သောက်သုံးခြင်းကို ငယ်ရွယ်သူများအပြင် မိန်းကလေးများလည်း သောက်သုံးလာကြသည့်အတွက် ယမကာ  အန္တရာယ်သည် တစ်နေ့တခြား ကြီးမားလာသည်။

ယမကာအရက်ကို မသောက်ရမနေနိုင်သည့် အရက်စွဲရောဂါ ခံစားနေရသူများတွင် အရက်အဆိပ်ကြောင့် ခန္ဓာကိုယ်ထဲရှိ အင်္ဂါအစိတ်အပိုင်းများ ပျက်စီးပြီး နောက်ဆက်တွဲရောဂါပေါင်းစုံရရှိကာ အသည်းခြောက်ရောဂါ ခံစားရပြီး အသက်အန္တရာယ်ဖြစ်စေသည်။ လူကို ကြီးကြီးမားမား ဒုက္ခပေးသော ရောဂါအမျိုးပေါင်း ၆၀ ခန့်နှင့် ထိခိုက်ဒဏ်ရာရရှိမှုများတွင် အရက်၏ဆိုးကျိုးများဖြစ်ကြောင်း လေ့လာသုတေသနပြုသူများက အသိပေး ထားသည်။

COVID-19 ရောဂါ ပြန့်ပွားမှုကာလအတွင်း စိုးရိမ်ပူပန်မှုနှင့် သောကများ၊ ကျန်းမာရေးဆိုင်ရာပြဿနာများ ကို တွေးတောပူပန်မှုနှင့် အလုပ်အကိုင်ပျောက်ပျက်မှုကို ခံစားနေရသူများသည် စိတ်ထွက်ပေါက်အဖြစ် အရက်၊ ဘီယာ သောက်သုံးမှု များပြားလာကြသည်။

အရက်၊ အဖျော်ယမကာသည် လူတို့ကို ကျန်းမာရေးထိခိုက်စေခြင်း၊ ကိုယ်ကျင့်သိက္ခာနှင့် ပြစ်မှုကျူးလွန်မှု များကို အလွယ်အကူဆုံး အလျင်အမြန်ဆုံး ဖြစ်ပေါ်စေနိုင်သောကြောင့် ယမကာသောက်သုံးမှုကို လျော့နည်း စေရေး ဆင်ခြင်စေချင်ကြောင်း . . . . . ။        ။






အခြားဆက်စပ်သတင်းများ