နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်

စက်တင်ဘာ  ၂၁


မန်စီးတီးအသင်းက နည်းပြ ဂွါဒီယိုလာကို စာချုပ်သက်တမ်းတိုးရန် ပြင်ဆင်နေကြောင်း သိရသည်။ ဂွါဒီယိုလာသည် အသင်းနှင့်ချုပ်ဆိုထားသည့် စာချုပ်သက်တမ်း နောက်ဆုံးနှစ်သို့ရောက်ရှိနေသောကြောင့် အသင်းအနေဖြင့် ယင်းကို စာချုပ်သစ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် ဥရောပအသင်းကြီးများ၏ စိတ်ဝင်စားခြင်းကိုခံထားရပြီးမန်စီးတီးအသင်းက ယင်းကို အသင်းတွင် ကာလရှည်ထိန်းသိမ်းသွားနိုင်ရန် ပြင်ဆင်နေပြီး ဂွါဒီယိုလာကိုယ်တိုင်ကလည်း မန်စီးတီးအသင်း ကို ဆက်လက်တာဝန်ယူကိုင်တွယ်သွားရန် ဆန္ဒရှိနေသည်။

ယခုနှစ်ဘောလုံးရာသီသည် နည်းပြ ဂွါဒီယိုလာအတွက် မန်စီးတီးအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သည်မှာ ပဉ္စမမြောက်ရာသီဖြစ်ပြီး စာချုပ်သစ်ကိစ္စကိုလည်း လာမည့်ရက်ပိုင်းအတွင်း ဆွေးနွေးသွားဖွယ်ရှိနေသည်။

ဂွါဒီယိုလာသည် ဘာစီလိုနာအသင်းနှင့် နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး ယင်းကိုင်တွယ်ခဲ့သည့် အသင်းများအနက် မန်စီးတီးအသင်းသည် ကာလအရှည်ကြာဆုံးကိုင်တွယ်ခဲ့သည့်အသင်းဖြစ်သည်။              

(သူရိန်)






အခြားဆက်စပ်သတင်းများ