နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယခုနှစ် ဘောလုံးရာသီ ရွှေလက်အိတ်ဆု အာဆင်နယ် ဂိုးသမား ရာယာဆွတ်ခူးနိုင်ဖွယ်ရှိ

ဧပြီ ၂၂

ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ရွှေလက်အိတ် ဆုကို အာဆင်နယ် အသင်း ဂိုး သမား ရာယာက ဆွတ်ခူးနိုင်ရန် နီးစပ်လျက်ရှိကြောင်း သိရ သည်။

ပရီးမီးယားလိဂ်အဖွဲ့ချုပ်က ရွှေလက်အိတ်ဆုကို တစ်ရာသီ အတွင်း ပေးဂိုးမရှိပွဲ (Clean Sheet) အများဆုံး ရယူနိုင်သည့် ဂိုးသမားကို ရွေးချယ်ချီးမြှင့် ခြင်းဖြစ်ပြီး လက်ရှိတွင် အာ ဆင်နယ်အသင်း ဂိုးသမားရာယာ က နောက်ဆုံးကစားခဲ့သည့် ဝုလ်ဗ်အသင်းနှင့် အာဆင်နယ် အသင်းတို့ ပွဲစဉ်တွင် ဂိုးမပေးရ အောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ဂိုးမပေးရသည့်ပွဲစဉ် ၁၃ ပွဲထိရှိ လာခဲ့ပြီး ပြိုင်ဘက်အသင်း ဂိုး သမားများကို ပွဲအရေအတွက် အများအပြား ဖြတ်တောက်ထား နိုင်ခဲ့သည်။

လက်ရှိ ပရီးမီးယားလိဂ်ပြိုင် ပွဲတွင် ပေးဂိုးမရှိ ပွဲအများဆုံး ဂိုးသမားစာရင်း၌ ရာယာ၏ နောက်တွင် ဖူလ်ဟမ်အသင်း ဂိုးသမားလီနိုနှင့် အဲဗာတန် အသင်းဂိုးသမား ပစ်ဖို့ဒ်တို့က ကိုးပွဲစီ၊ မန်ယူအသင်းဂိုးသမား အိုနာနာ၊ အေဗီလာအသင်း ဂိုး သမား မာတီနက်ဇ်နှင့်မန်စီးတီး  အသင်း ဂိုးသမား အီဒါဆန်တို့ က ရှစ်ပွဲစီဖြင့် အသီးသီးရပ် တည်လျက်ရှိသည်။

ဂိုးသမား ရာယာသည် ပြီး ခဲ့သည့် နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ဘရန့် ဖိုဒ်အသင်းမှ အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ ပြီး ဂိုးသမားရမ်ဒေးလ်ကို ကျော် ဖြတ်ကာ အဓိက ပွဲထွက်ဂိုး သမားအဖြစ် လက်စွမ်းပြသနေ သူဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ