နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိုင်းကြီးကျွန်းမြို့၌ ရေကြောင်းလူငယ်အခြေခံနှင့်တန်းမြင့်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟိုင်းကြီးကျွန်း ဧပြီ  ၂၂ 

ဟိုင်းကြီးကျွန်းမြို့တွင် ရေကြောင်းလူငယ်အခြေခံနှင်တန်းမြင့် သင်တန်း အမှတ်စဉ်(၁/၂၀၂၄)ဖွင့်ပွဲအခမ်းအနားကို ပမ္မဝတရေတပ် စခန်းဌာနချုပ်၊ ပမ္မဝတီခန်းမ၌ ယနေ့နံနက် ၉နာရီအချိန်က ကျင်းပ သည်။

ရှေးဦးစွာ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူးဗိုလ်မှူးချုပ် တင်မောင်သန်းမှ ပညာရည်မြင့်မားပြီး ဘက်စုံထူးချွန်ထက်မြက်သော ကျောင်းသား/ ကျောင်းသူများဖြစ်လာစေရေးကျောင်းသင်ခန်းစာ များသာမက အခြားသော အသိပညာ၊အတတ်ပညာ ဗဟုသုတများ၊ အတွေ့အကြုံကောင်းများ တိုးပွားလာစေရေးအတွက် တပ်မတော် အနေဖြင့် ယခုကဲ့သို့သင်တန်းများ  ဖွင့်လှစ်ပေးရခြင်းဖြစ်ပါကြောင်း၊  သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကာလအတွင်း  တတ်အားသရွေ့ကြိုးစားအားထုတ် လေ့လာကြစေလိုကြောင်း၊ အနာဂတ်နိုင်ငံတော်တာဝန်များကို  ပခုံးပြောင်းလွှဲယူကြမည့် လူငယ်များအား နောင်တစ်ချိန်တွင်အသိပညာရှင်၊ အတတ်ပညာရှင် များအဖြစ်စွမ်းဆောင်နိုင်ရန် ယခုကတည်းက စိတ်ဓာတ်ခွန်အားနှင့် အရည်အသွေးများပြည့်ဝလာအောင် ပြုစုလေ့ကျင့်ပေးရန်လိုအပ် သည့်အတွက် ရေကြောင်းလူငယ်သင်တန်းကို မျိုးစေ့ချဖွင့်လှစ် ပေးနေခြင်းဖြစ်ပါ ကြောင်း၊ ရေကြောင်းပညာရပ်ကိုလူငယ်လူရွယ် များ စိတ်ပါဝင်စားပြီး အခြေခံရေကြောင်းပညာရပ်များအားတတ် မြောက်စေရန်နှင့်  ခေတ်မီနိုင်ငံတော်တည်ဆောက်ရာတွင် ရေကြောင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းတိုးတက်မြင့်မားရေးသည် အရေးပါကြောင်း လူငယ်များသိရှိ နားလည်လာစေရန် ရည်ရွယ်ဖွင့်လှစ် ရခြင်းဖြစ်ကြောင်းအဖွင့်အမှာ စကားပြောကြားခဲ့ပြီး သင်တန်းသား/သင်တန်းသူများအတွက် စာအုပ်များနှင့်စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားနှင့် သင်တန်းသူတစ်ဦးက လက်ခံရယူသည်။

ထို့နောက် ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ပမ္မဝတီခန်းမ၌ ခင်းကျင်း ပြသထားသော စစ်ရေယာဉ်ပုံစံငယ်များ၊ တပ်မတော်(ရေ)ရှိ စစ်ရေယာဉ်မှတ်တမ်းပုံများ၊ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့် သင်တန်း သား/ သင်တန်းသူများ နှစ်အလိုက်ရရှိခဲ့သော ဆုတံဆိပ် များ၊ သွက်လက်လှုပ်ရှားရေကြောင်းလူငယ်ပုံရိပ်များ၊ဆက်သွယ်ရေး စက်များ၊ အလံအချက်ပြသင်္ကေတအမှတ်အသားများ၊ အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများနှင့် ရွက်လှေတို့ကို  သင်တန်းသား သင်တန်းသူများက သွားရောက်ကြည့်ရှူလေ့လာခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပမ္မဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ် မှူး ဗိုလ်မှူးချုပ်တင်မောင်သန်းအမှူးပြုသော အရာရှိကြီးများ၊  အနောက် တောင်တိုင်းစစ်ဌာနချုပ်၊တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စိုးလွင်နှင့် အရာရှိကြီးများနှင့်မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြပြီး သင်တန်းကိုအခြေခံနှင့် တန်းမြင့်သင် တန်းသား၊    သင်တန်းသူ (၁၅၅)ဦးတို့ဖြင့် (၄)ပတ်ကြာ  စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။







လှိုင်မျိုးအောင်(ဟိုင်းကြီးကျွန်း ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ