နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗင်ထရီကို ပင်နယ်တီ အဆုံးအဖြတ်ဖြင့် အနိုင်ရရှိ မန်ယူအသင်း အက်ဖ်အေဖလား ဗိုလ်လုပွဲတက်

ဧပြီ ၂၂

အအ်ဖ်အေဖလားဆီမီးဖိုင် နယ်ပွဲစဉ်အဖြစ် ကိုဗင်ထရီအသင်း နှင့် မန်ယူအသင်းတို့ ယမန်နေ့ ညပိုင်းက ဝင်ဘလေကွင်း၌ယှဉ်  ပြိုင်ကစားကြရာ မန်ယူအသင်း က ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက် လှမ်းနိုင်ခဲ့ကြောင်း သိရသည်။

ပထမပိုင်းတွင် မန်ယူအသင်း က ဘောလုံးပိုင်ဆိုင်မှုအသာ၊ ကစားကွက်အသာဖြင့် ပွဲကို စိုးမိုး နိုင်ခဲ့ပြီး ပွဲကစားချိန် ၂၃ မိနစ် တွင် တွမ်မီနေးက အဖွင့်ဂိုးသွင်း ယူပေးခဲ့ကာ ၄၆ မိနစ်တွင် မက် ဂွဲယားက ဦးဆောင်ဂိုးသွင်းယူ ပေးခဲ့သည်။

ဒုတိယပိုင်း ပွဲကစားချိန် ၅၈ မိနစ်တွင် ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်းအတွက် အနိုင် သေချာစေမည့် ဂိုးကို သွင်းယူပေး ခဲ့သော်လည်း ကိုဗင်ထရီအသင်း ကစားသမားများ၏ ရုန်းအား ကြောင့် ချေပဂိုးများ ပြန်လည် ခွင့်ပြုပေးခဲ့ရသည်။

ကိုဗင်ထရီအသင်းအတွက် ချေပဂိုးများကို ပွဲချိန် ၇၁ မိနစ် တွင် အဲလစ်ဆင်းမ်၊ ၇၉ မိနစ် တွင် ကယ်လ်လမ်အိုဟာရီနှင့် ၉၅ မိနစ်တွင် ဟာဂျီရိုက်တို့က သွင်းယူပေးခဲ့ကာ တစ်ဖက် သုံးဂိုး စီဖြင့် ပွဲပြီးဆုံးခဲ့ခြင်းကြောင့် အချိန်ပိုဆက်လက်ယှဉ်ပြိုင်ခဲ့ရ သည်။

ထို့နောက် အချိန်ပိုတွင် လည်း ထပ်မံဂိုးသွင်းယူနိုင်ခြင်း မရှိသောကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရပြီး ပင်နယ် တီတွင် မန်ယူအသင်းက လေးဂိုး၊ နှစ်ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲ သို့ တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

အက်ဖ်အေဖလား ဗိုလ်လုပွဲ စဉ်တွင် မန်ယူအသင်းနှင့် မန်စီး တီးအသင်းတို့ တွေ့ဆုံလျက်ရှိ ပြီး မေ ၂၅ရက်တွင် ဝင်ဘလေ ကွင်း၌ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။








သူရိန်






အခြားဆက်စပ်သတင်းများ