နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီ၊ ရော်နယ်ဒိုအလွန် ဘောလုံးလောကရဲ့ခေတ်သစ်စတင်ပြီလို့ ပြောရမလား

စက်တင်ဘာ  ၂၁


၂၀၁၉−၂၀၂၀ ရာသီ ချန်ပီယံလိဂ်နေရာအလိုက် အကောင်းဆုံးဆန်ခါတင်စာရင်း ထွက်ပေါ်လို့လာပါပြီ။ ဒီစာရင်းကို ပြီးခဲ့တဲ့ ရာသီချန်ပီယံလိဂ်အုပ်စုအဆင့်မှာ ပါဝင်ခဲ့တဲ့ ကလပ် ၃၂ ခုက အသင်းခေါင်းဆောင် တစ်ဦးချင်းစီနဲ့ ယူအီးအက်ဖ်အေအသင်းဝင် ကိုယ်စားလှယ် ၅၅ ဦးတို့ ပါဝင်ရွေးချယ်ပေးခဲ့တာပဲဖြစ်ပါတယ်။       ဒီဆန်ခါတင်စာရင်းမှာ ဘန်ယန်မြူးနစ်အသင်းရဲ့နေရာစုံက ကစားသမားတွေ ပါဝင်နေပါတယ်။ အသင်းရဲ့ ကစားသမားတစ်ဝက်လောက် ပါဝင်နေပါတယ်။ ဘန်ယန်အသင်းဟာ ပွဲစဉ်တစ်လျှောက် ရာနှုန်းပြည့် နိုင်ပွဲ တွေနဲ့ ချန်ပီယံလိဂ်ဖလားရယူခဲ့တာပါ။ ဒါကြောင့် ဆန်ခါတင်စာရင်းမှာ ကစားသမား ၇ ယောက် ပါဝင် နေခဲ့ပါတယ်။ ၁၀ စုနှစ်တစ်စုကျော် နှစ်တိုင်းပါဝင်နေကျ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ဒီနှစ်မှာ မပါဝင်ခဲ့ပါဘူး။ ဘာစီနဲ့ ဂျူဗင်တို့ဟာ ၁၆ သင်းအဆင့်နဲ့ ကွာတားအဆင့်မှာ ပြုတ်ခဲ့တာကြောင့် မက်ဆီနဲ့ ရော်နယ်ဒိုတို့ မပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ကစားသမားဘဝ အကောင်းဆုံးရာသီကို ပိုင်ဆိုင်ခဲ့တဲ့ လီဝန်ဒေါစကီးက ဥရောပရဲ့ အကောင်းဆုံးတိုက်စစ်မှူးအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အခြားရွေးချယ်ထားတဲ့သူတွေက နေမာ၊ အမ်ဘာပေ တို့ပါပဲ။ ကွင်းလယ်မှာ သောမတ်စ်မူလာ၊ အယ်ကန်တာရာ၊ ဒီဘရိုင်းတို့ကို ရွေးချယ်ခဲ့ပါတယ်။ ခံစစ်ပိုင်းမှာတော့ ဘိုင်ယန်မှ ဒေးဗစ်အယ်ဘာ၊ အယ်ဖွန်ဆိုဒေးဗီး၊ ဂျိုရှုအာကင်မစ်ချ်တို့ကို ရွေးခဲ့ပြီး ဂိုးသမား အဖြစ် နူအာနဲ့ အက်တီကိုဂိုးသမား ဂျန်အိုဘလက်တို့ကို ရွေးချယ်ခဲ့ပါတယ်။ ဘိုင်ယန်နဲ့အတူ ဖိုင်နယ်အထိ တက်လှမ်းခဲ့တဲ့ PSG အသင်းမှလည်း အမ်ဘာပေ၊ နေမာ၊ ဂိုးသမား နာဗက်စ်တို့လည်း ရွေးချယ်ခံခဲ့ရ ပါတယ်။ ပြီးခဲ့တဲ့နှစ်က အကောင်းဆုံးဆုရရှိခဲ့တဲ့သူတွေ တစ်ဦးမှ ရွေးချယ်မခံခဲ့ရပါဘူး။ ချန်ပီယံလိဂ်နေရာအလိုက် အကောင်းဆုံးဆန်ခါတင်စာရင်းတွေ ရွေးချယ်ခဲ့ကြသလို ယူရိုပါလိဂ်ရဲ့ အကောင်းဆုံးအားကစားသမား ဆုစာရင်းထဲမှာတော့ ယူနိုက်တက်က ဖာနန်ဒက်စ်၊ အင်တာက လူကာကူနဲ့ ဆီဗီးလားက ဘနီဂါတို့ကို ရွေးချယ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။            


(SO)






အခြားဆက်စပ်သတင်းများ