နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရစ်ကျငွေချေတဲ့စနစ်နဲ့ လီဗာပူး ဂျိုတာကို ဝယ်ခဲ့

စက်တင်ဘာ  ၂၁


လီဗာပူးက ဂျိုတာကို ကမ်းလှမ်းမှုတွေစတင်စဉ်က ပေါင် ၃၅ သန်းပဲ ဝုဒ်က တောင်းဆိုခဲ့တာပါ။ ဒါကို လီဗာပူးက ဒီနွေမှာ ပေါင် ၃၅ သန်း အပြီးပေးချေခြင်းထက် နှစ်ရှည်ငွေပေးချေမှုပုံစံနဲ့ ဆုကြေးတွေပါဦးမယ့် ပေါင် ၄၅ သန်းထိရှိမယ့်စာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးပုံစံသစ်ကြောင့် မူလတန်ကြေးထက် ပေါင် ၁၀ သန်း လီဗာပူးက ပိုပေးခဲ့ပါတယ်။ လာမယ့် ၁၂ လ အတွင်းမှာ ဝုဒ်ဘက်က ကနဦးပြောင်းရွှေ့ကြေးအဖြစ် ၁၀ ရာခိုင်နှုန်း (ပေါင် ၄ ဒသမ ၅သန်း) ကိုပဲ ရမှာပါ။ ကိုဗစ်ကာလမှာ ဘဏ္ဍာရေးပိုင်း ဟန်ချက်ညီဖို့အတွက် တစ်ရာသီတည်း ပြောင်းရွှေ့ကြေးအပြည့်ပေးတာထက် နှစ်ရှည်ပေးတဲ့ပုံစံ ပြောင်းလဲခဲ့ကြပါတယ်။ လီဗာပူး ကလည်း ဒီနည်းကို ကျင့်သုံးခဲ့တာပါ။ လီဗာပူးက တစ်နှစ်တည်း ပေါင် ၃၅ သန်းအစား ပေါင် ၄၅ သန်း လောက် ထပ်တိုးပေးပြီး အရစ်ကျစနစ်နဲ့ ငွေခွဲပေးနိုင်ခဲ့ပါတယ်။ ဝုဒ်ဘက်ကလည်း ဂျိုတာနေရာ ချက်ချင်းအစားထိုးမှာမဟုတ်သေးတာကြောင့် ပြောင်းရွှေ့ကြေး နှစ်တိုင်းရနေပါမယ်။ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ် အောင်မြင်ရင် ဆုကြေးက ထပ်ရဦးမှာပါ။ ဒါကြောင့် ဂျိုတာရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၄၅ သန်း ဖြစ်သွားပါတယ်။ လီဗာပူးအတွက်ကလည်း မရေရာမှုတွေများတဲ့အခြေအနေမှာ ရေရှည်အတွက်ဆိုရင် ဒီလိုငွေပေးချေမှုက ပိုမိုအဆင်ပြေခြင်းကြောင့် ရွေးချယ်ခဲ့တာလို့ သိရပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ