နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်ဆင်မှုအားကောင်းတဲ့ ဗီလာနဲ့ ပြင်ဆင်မှုအားနည်းတဲ့ ရှက်ဖီးတို့ တွေ့ဆုံပွဲ

စက်တင်ဘာ  ၂၁


ဗီလာဟာ ဒီရာသီနွေစျေးကွက်မှာ ကစားသမားတွေခေါ်ယူအားဖြည့်ထားပါတယ်။ ရာသီအကြို ခြေစစ်ပွဲမှာလည်း မန်ယူကို အိမ်ကွင်းမှာ အနိုင်ကစားခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဘန်လေနဲ့ လိဂ်ဖလား ကစားထားရပါသေးတယ်။ ဗီလာဟာ ဖီယင်နုကနေ နယ်သာလန်ကွင်းလယ်ကစားသမား လာမာရီဘိုဂါဒီ၊ ဘရန့်ဖို့ဒ်က တိုက်စစ်မှူး အိုလီဝက်ကင်းစ်၊ နော်တင်ဟန်က အစွန်ခံစစ်မှူး မက်တီကက်စ်တို့ကို ခေါ်နိုင်တာ ကြောင့် ဗီလာအတွက် အင်အားတောင့်တင်းစေခဲ့ပါတယ်။ အိုလီဝက်ကင်းစ်ဟာ ချန်ပီယံရှစ်မှာ ၂၅ ဂိုးသွင်းပြီး ပူးတွဲဂိုးသွင်းဘုရင်ဖြစ်ခဲ့ပါတယ်။ ဗီလာဟာ တိုက်စစ်မှာ အတော်အားကောင်းလာပါတယ်။ အင်္ဂလန် လက်ရွေးစင်အသင်းခေါင်းဆောင် ဂျက်ဂရီယာလစ်ကိုလည်း ထိန်းထားနိုင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကြောင့် ဗီလာဂိုးရမှာ သေချာပါတယ်။ ရှက်ဖီးယူနိုက်တက်ဟာ ပြီးခဲ့တဲ့ရာသီက မထင်မှတ်တာတွေလုပ်ပြနိုင်ခဲ့တဲ့ အသင်းပါ။ ခံစစ်လည်းမာကျောခဲ့ပါတယ်။ ဒီရာသီအတွက်တော့ ပြင်ဆင်မှုအားမကောင်းခဲ့ပါဘူး။ ရာသီ အဖွင့်မှာ ဝုဒ်ကို ၀−၂ နဲ့ရှုံးနိမ့်ထားပါတယ်။ ဂိုးသမားက အတွေ့အကြုံနုနယ်ပါသေးတယ်။ ခုရာသီရဲ့ ဂိုးသမားသစ်က အေရွန်ရမ့်စ်ဒေးပါ။ ဝုဒ်နဲ့တုန်းက ၆ မိနစ်အတွင်း ၂ ဂိုးပေးခဲ့ရတာပါ။ ရာသီကြိုခြေစမ်းပွဲတွေမှာ ရှက်ဖီး မရှုံးခဲ့ပါဘူး။ နည်းပြ ခရစ္စဝီဒါလက်ထက်မှာ ရှုံးပွဲ ၄ ပွဲဆက်ရှုံးခဲ့ပါတယ်။ ဒီနှစ်နွေစျေးကွက်မှာ ကစားသမားသစ် တွေ ခေါ်ယူခဲ့ပေမယ့် မထင်မရှားကစားသမားများသာဖြစ်ပါတယ်။ ရှက်ဖီးဟာ ဘန်လေနဲ့ လိဂ်ဖလားပွဲကို ကြာသပတေးနေ့မှာ ကစားခဲ့ရတာကြောင့် ပြင်ဆင်ချိန်နည်းခဲ့ရပါတယ်။ ရှက်ဖီးထက်စာရင် ဗီလာက ကြိုတင် ပြင်ဆင်မှု ပိုမိုအားကောင်းခဲ့ပါတယ်။ ဗီလာတို့ အားသာမှုရှိနေပေမယ့် အဖြေကိုတော့ ၂၁.၉.၂၀၂၀ တနင်္လာနေ့ ည ၁၁ နာရီခွဲမှာ စောင့်ကြည့်မှသိရမှာပါ။      


 (SO)






အခြားဆက်စပ်သတင်းများ