နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲလေ့စ်ကို ရှုံးခဲ့တာကြောင့်အသင်းဖော်တွေကို ပထမဆုံးပွဲထွက်ကစားသမား ဗန်ဒီဘိစ် ဝေဖန်ပြစ်တင်

စက်တင်ဘာ  ၂၁


စနေနေ့ညက အခုနှစ်ရာသီအတွက် ပရီးမီးယားလိဂ် ပထမဆုံးအဖွင့်ပွဲမှာပဲ မန်ယူတို့  ၁−၃ နဲ့ ပဲလေ့စ်အသင်း ကို ရှုံးနိမ့်ခဲ့ပါတယ်။ အခုနှစ်မှ မန်ယူတို့ခေါ်ယူထားတဲ့တစ်ဦ:တည်းသော ကစားသမားဗန်ဒီဘိစ်ကတော့ ပွဲချိန် ၆၇ မိနစ် လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ပါတယ်။ ဗန်ဒီဘိစ်ဟာ အသင်းအတွက် ပါဝင်ကစားခွင့် ရတဲ့ ပွဲဦးထွက်ပွဲစဉ်မှာပဲ အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပေမယ့် အသင်းအရေးနိမ့်ခဲ့တာကြောင့် စိတ်ပျက် နေခဲ့ရပါတယ်။ ဗန်ဒီဘိစ်က ဒီပွဲမှာ အသင်းရဲ့ကစားပုံဟာ လက်ခံစရာမရှိဘူးလို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။

ဗန်ဒီဘိစ်က “ဒီနေ့ကစားသွားတာ လုံးဝမကောင်းပါဘူး။ လေ့ကျင့်မှုတွေပြုလုပ်ခဲ့တုန်းက အသင်းကို ကြည့်ရတာ အလွန်ကောင်းပါတယ်။ အရည်အချင်းတွေအများကြီးနဲ့ ကျွန်တော်တို့ကစားကြတာ မြန်ဆန် ကြပါတယ်။ ဒါပေမယ့် ဒီနေ့ကစားတာ အလွန်နှေးကွေးပါတယ်”လို့ ဆိုခဲ့ပါတယ်။ နောက်ဆက်ပြီး “ပထမဆုံးကစားတဲ့ပွဲ အနိုင်ရချင်ခဲ့ပေမယ့် အိမ်ကွင်းမှာကစားတဲ့ပွဲ ဒီလိုရှုံးနိမ့်တာဟာ အလွန်စိတ်ပျက်ဖို့ ကောင်းပြီး အလွန်ဆိုးရွားပါတယ်။ ပဲလေ့စ်လို ပြိုင်ဘက်နဲ့ကစားမယ်ဆိုရင် အခွင့်အရေးဖန်တီးမှုတွေ ပြုလုပ်နိုင်ဖို့ပွဲကို အရှိန်မြှင့်ပြီး ကစားဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့ပါသေးတယ်။ မန်ယူအသင်းဟာ အခုလ ၂၃ ရက်နေ့မှာ လူတန်တောင်းအသင်းနဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


(SO)






အခြားဆက်စပ်သတင်းများ