နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော်မတီဝင်ဒေါက်တာငွေစန်း လှိုင်သာယာမြို့နယ်များအတွင်း စည်ပင်သာယာဈေးများတည်ဆောက်ရေး သန့်ရှင်းသာယာသပ်ရပ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁၅

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဒေါက်တာငွေစန်းသည် ဈေးများနှင့်ကုန်စည်ပွဲရုံများဌာနမှ ဌာနမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးသန်းထိုက်နှင့် တာဝန်ရှိသူများ နှင့်အတူ ယနေ့နံနက်ပိုင်းက  လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန် (၁) ရပ်ကွက်၊ ဦးဖိုးလှိုင်လမ်းရှိ ရွှေလင်ပန်းဈေး၊ (၇) ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းရှိ ပိတောက်မြိုင်ဈေး၊ ဒိုင်စုကျေးရွာ၊  သဇင် (၁) လမ်းရှိ ဒိုင်စုဈေး၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ (၁၈) ရပ်ကွက်၊ အနော်ရထာလမ်းရှိ ရွှေရင်အေးဈေး၊ (၂၀) ရပ်ကွက်၊ အနော်ရထာလမ်းရှိ (၂၀) ရပ်ကွက် ဈေးများသို့သွားရောက်၍ စျေးတည်ဆောက်ပြုပြင်ရန်လိုအပ်သည့်လုပ်ငန်းများ၊ စျေးရောင်း၀ယ် ဖောက်ကားမှုအခြေအနေ၊ စျေးသန့်စင်ခန်းများအခြေအနေ၊ စျေးတွင်းရေးမြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့ကိုမြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးကာ ပြုပြင်ထိန်းသိမ်းရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ ဈေးရောင်းချသူများ ယာယီရွှေ့ပြောင်းချထား ရာတွင် အဆင်ပြေစေရေး၊ ဈေးရုံများနှင့် ဝန်းကျင်သန့်ရှင်းသာယာ လှပရေးတို့ကို အလေးထားဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။







ယဉ်မွန်






အခြားဆက်စပ်သတင်းများ