နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွှေတိဂုံစေတီတော် ကဆုန်ညောင်ရေသွန်းပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်

ရန်ကုန် မေ ၁၅

ရွှေတိဂုံစေတီတော်မြတ်ကြီး၌ (၄၁) ကြိမ်မြောက် မဟာဗောဓိ ကဆုန်ညောင်ရေသွန်းလောင်းလှူပွဲကို မေ ၂၂ ရက် (ကဆုန်လပြည့် နေ့) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို နံနက် ၇ နာရီမှစတင်၍ ရွှေတိဂုံစေတီတော် ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်များ၊ ဂေါပကရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။

ထို့အပြင် ဘုရားဖူးပြည်သူများအနေဖြင့် ရင်ပြင်တော် ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များ၌ လွယ်ကူစွာ ညောင်ရေသွန်းလောင်းပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စ အသင်းများနှင့် ဝန်ထမ်းများက ကုသိုလ်ယူကူညီဆောင်ရွက်ပေး မည်ဖြစ်သည်။

ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပြီး ယင်းနေ့တွင် ကဆုန်ညောင်ရေသွန်းခြင်း၊ ဘုရားဖူးခြင်း၊ ကုသိုလ်ပြုခြင်းများ၊ အလှူဒါနပြုလုပ်ခြင်းများ ဆောင်ရွက် လေ့ရှိကြကြောင်းသိရသည်။






အောင်မြင့်ဌေး

(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ