နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယမြို့တော်ဝန် ဦးညီညီ ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းများကောင်းမွန်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁၅

ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက စမ်းချောင်း မြို့နယ်၊ စမ်းချောင်း ‌(တောင်) ရပ်ကွက်၊ ဗဟိုလမ်းနှင့်ခတ္တာ လမ်းထောင့် ရေနုတ်မြောင်း ဆယ်ယူနေမှု၊ လမ်းမတော် မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အောင်ရတနာလမ်းရှိ ကျုံးကြီး မြောင်း ဆယ်ယူရှင်းလင်းနေမှု၊ အမှတ် (၉) ရပ်ကွက်ရှိ ဘိုးရာဇာ လမ်း ကွန်ကရစ်ခင်းကျင်း နေမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၃၀) ရပ်ကွက်၊ ပန်းဝါ လမ်းနှင့် ဂန္ဓမာလမ်းအကြား အောင်သပြေပတ်လမ်း ကွန်က ရစ် ခင်းကျင်းပြီးစီးမှုနှင့် သုဝဏ္ဏ (၂၉) ရပ်ကွက်ရှိ ကမ်းနား ပတ်လမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၇ နာရီခွဲ တွင် အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)က ဆောင်ရွက်လျက်ရှိသည့် စမ်းချောင်းမြို့နယ်၊ စမ်းချောင်း‌ (တောင်) ရပ်ကွက်၊ ဗဟိုလမ်း နှင့် ခတ္တာလမ်းထောင့် ရေနုတ် မြောင်း ဆယ်ယူနေမှုနှင့် လမ်းမတော်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ အောင်ရတနာလမ်းရှိ ကျုံးကြီးမြောင်း ဆယ်ယူ ရှင်းလင်းနေမှုများကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဆယ်ယူ ရရှိသည့် မြောင်းချေးနှင့် အမှိုက်၊ သဲ၊ ခဲများ တစ်ပါတည်း ရှင်းလင်းဆောင်ရွက်သွားရန်  မှာကြားသည်။

ထို့နောက် ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ဆောင်ရွက်လျက် ရှိသည့် လမ်းမတော် မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ မင်းရဲကျော်စွာ လမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းအကြား ဘိုးရာဇာလမ်း အရှည် ၈၃၀ ပေ၊ အကျယ် ၂၅ ပေ၊ ထု ၆ လက်မ ကွန်ကရစ် ခင်းကျင်းနေမှု၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ (၃၀) ရပ်ကွက်၊ ပန်းဝါလမ်းနှင့် ဂန္ဓမာလမ်းအကြား အောင်သပြေ ပတ်လမ်း အရှည် ၈၇၂  ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မ ကွန်ကရစ် ခင်းကျင်းပြီးစီးမှုနှင့် သုဝဏ္ဏ (၂၉) ရပ်ကွက်ရှိ ကမ်းနားပတ်လမ်း အရှည် ၂၇၀၀  ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှုများကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်ကာလအတွင်း စံချိန် စံညွှန်း ကိုက်ညီစွာဖြင့်ပြီးစီး အောင် ဆောင်ရွက်ရန်နှင့် လမ်းဘေး ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။







သတင်း-မိုးဝေ

ဓာတ်ပုံ-ကျော်သူထက်






အခြားဆက်စပ်သတင်းများ