နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Amazfit Band 5 စမတ်လက်ပတ်နာရီသစ် စျေးကွက်အတွင်း ဝယ်ယူရရှိနိုင်

စက်တင်ဘာ   ၂၁


Huami Amazfit Band 5 စမတ်လက်ပတ်သစ်ကို ပြီးခဲ့သည့် ဇူလိုင်လထဲတွင် ကြေညာသွားသည့် Xiaomi Mi Smart Band 5 ဖြင့်ပုံစံတူသည့် စမတ်လက်ပတ်နှစ်မျိုးလုံးသည် ကုမ္ပဏီတစ်ခုတည်းကနေ ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။

Amazfit Band 5 သည် ၁ ဒသမ ၁ လက်မ AMOLED color screen ဖြင့်ထွက်ရှိလာပြီး 126 x 294p ရုပ်ထွက်ပါရှိကာ  watch face အမျိုးပေါင်း ၄၅ မျိုးကျော် ထည့်သွင်းထားပြီး နှလုံးခုန်တိုင်းစနစ်၊ အိပ်စက်မှုစောင့်ကြည့်နည်းပညာ၊ ဓမ္မတာစက်ဝိုင်းနှင့် စိတ်ဖိစီးမှုသိ စနစ်များကိုပါ ထည့်သွင်းပေးထားသည့်အပြင် သွေးတွင်းအောက်ဆီဂျင်ပျော်ဝင်မှုပမာဏ တိုင်းတာနိုင်သည့်စနစ် SpO2 sensor ကိုပါ ထည့်သွင်းပေးထားသေးသည်။ အဆိုပါနည်းပညာသည် Mi Smart Band 5 တွင် မပါခဲ့သည့် နည်းပညာဖြစ်ပြီး ပြီးခဲ့သည့်အပတ်က မိတ်ဆက်ခဲ့သည့် Apple Watch Series 6 တွင် SpO2 feature ပါဝင်လာခြင်းဖြစ်သည်။

Amazfit Band 5 သည် အသက်ရှူလေ့ကျင့်ခန်းနှင့် အားကစားလုပ်နည်း ၁၁ မျိုးနှင့်အတူ နှိုးစက် Timer များကိုပါ အသံဖြင့် အမိန့်ပေးနိုင်သည့် Amazon Alexa support ပေးထားသည်။ Bluetooth ဖြင့် သီချင်းများ ဖွင့်နိုင်သည့်စနစ်၊ 5ATM ရေစိုခံမှုနှင့်အတူ ၁၅ ရက်ကြာအသုံးခံနိုင်မည့် 125 mAh ဘက်ထရီ ကိုပါ အသုံးပြုပေးထားသည့် အဆိုပါ စမတ်နာရီကို စက်တင်ဘာ ၂၁ ရက်ကစပြီး Amazfit Band 5 ကို အမေရိကန်ဈေးကွက်တွင် ၄၅ ဒေါ်လာ (မြန်မာငွေကျပ် ၆ သောင်းခန့်) ဖြင့် ရောင်းချပေးလျက်ရှိသည်။


(WP)






အခြားဆက်စပ်သတင်းများ