နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ကွင်းအနိုင်များတဲ့ ချဲလ်ဆီးနဲ့ ဂိုးလည်းသွင်း ဂိုးလဲပေးတတ်တဲ့ လီဗာပူးတို့တွေ့ဆုံပွဲ

စက်တင်ဘာ   ၂၀

ကမ္ဘာပေါ်မှာ နောက်အကျဆုံးက သင်ခန်းစာယူတာရယ် ပြုပြင်ပြောင်းလဲရေးလုပ်တာရယ်ပဲဖြစ်ပါတယ်။ လီဗာပူးဟာ အန်ဖီးမှာတောင် လိဒ်စ်ကို ၄ ဂိုးသွင်း ၃ ဂိုးပေးခဲ့ရပါတယ်။ တကယ်တော့ ဒါဟာ လီဗာပူးရဲ့အထာမဟုတ်ပါဘူး။ ဒီစတမ်းဖို့ဒ်မှာ အဲဒီအခြေအနေတွေချန်ထားပြီး ရောက်လာမလားလို့ဆိုရင်လဲ အပြည့်မယုံကြည်ရသေးပါဘူး။ ပွဲဆက်တွေပြတ်နေတဲ့ အာနိုးလ်ကို မေဆန်မောင့်နဲ့ တီမိုဝါတို့ကအဆက် မပြတ်ဖိအားတွေပေးနိုင်ပါလိမ့်မယ်။ လက်ရှိမှာ ဗန်ဒိုက်ကိုယ်တိုင် အမှားတွေကျူးလွန်နေတာပဲဖြစ်ပါတယ်။ ပထမဆုံးပွဲတုန်းကလည်း နိုင်ပွဲရခဲ့ပေမယ့် အသင်းမှာအားသာချက်၊ အားနည်းချက်ရှိခဲ့ပါတယ်။ အားသာချက်က ဂိုးသွင်းခွင့် ၂၂ ကြိမ်ရခဲ့တာပါ။ အားနည်းချက်က ဗန်ဒိုက်အမှားလုပ်တာ၊ ဂိုးသမား အယ်လီဆန်လက်စွမ်းမပြနိုင်တာ၊ လိဒ်စ်က ဂိုးပေါက် ၃ ကြိမ်တည်ခဲ့တာ ၃ ဂိုးပေးခဲ့ ရတာတို့ပါပဲ။ လက်ရှိမှာ လီဗာပူးတို့ ခံစစ်ပိုင်းပုံစံကောင်းတစ်ခုတော့ ရရှိခဲ့ပါတယ်။ လီဗာပူးရှေ့တန်းကတော့ ခံစစ်သမားတွေကို ဒုက္ခပေးနိုင်ဆဲပါပဲ။ ချဲလ်ဆီးဟာ ပထမပွဲမှာ ဘရိုက်တန်ကို အသာစီးကနေ ကစားနိုင်ခဲ့ပေမယ့် တစ်ဂိုးပေးခဲ့ရတာပါ။ ဒီထက်မကရနိုင်တဲ့အနေအထားရှိခဲ့ပါတယ်။ လီဗာပူးနဲ့ပွဲမှာ သီယာဂိုဆေးဗားပါဝင်လာခဲ့မယ်ဆိုရင်တောင် ဘရိုက်တန်နဲ့ကစားခဲ့တဲ့ နောက်တန်းအနေအထားက အားရစရာမကောင်းသေးပါဘူး။ ဘန်ချီဝဲလ်မပါနိုင်ဘဲ အလွန်ဆိုနဲ့သာပွဲထွက်လာဖို့ရှိတာကြောင့် နောက်ခံ ကစားသမားများ စိတ်များနေပြီး ဆာလက် လွတ်ထွက်နေမဲ့အကြိမ်တွေများများတွေ့နေရမှာပါ။ ချဲလ်ဆီး လူသစ်တွေရဲ့ သွေးဆာမှု၊ နှစ်ဖက်ခံစစ်တွေရဲ့ မအောင်မမြင်ရှိနေပုံတွေအရ ဒီပွဲဟာ အပြန်အလှန်ဂိုးသွင်းဖို့ များပါတယ်။ ဒီပွဲရဲ့အဆုံးအဖြတ်ကိုတော့ စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေ ည ၁၀: ၀၀ နာရီမှာ စောင့်ကြည့်မှ ချက်ချင်းသိရမှာပါ။                           

(SO)






အခြားဆက်စပ်သတင်းများ