နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စီးရီးအေပွဲစဉ် ၁ မှာတော့ ဂျူဗီတို့နည်းပြသစ်နဲ့အတူ ဆမ်ဒိုးရီးယားကို ချေမှုန်းမယ့်ပွဲပါ

စက်တင်ဘာ   ၂၀


စီးရီးအေပွဲစဉ် ၁ ကို စနေနေ့ကစတင်ခဲ့ပါပြီ။ ဒီတနင်္ဂနွေမှာတော့ လက်ရှိချန်ပီယံဂျူဗင်တပ်တို့ ဆမ်ဒိုးနီးယားနဲ့တွေ့ဆုံရပါတယ်။ ဂျူဗင်နဲ့ နည်းပြသစ် ပီယာလိုကိုယ်တိုင်က အသင်းကိုပြုပြင်ပြောင်းလဲမှု တွေရဲရဲတင်းတင်းလုပ်ဆောင်ထားပါတယ်။ ပီယာလိုလက်ထက် ခြေစမ်းပွဲတစ်ပွဲကစားထားရာမှာ ၅−၀ နဲ့ ဂျူဗင်တို့အနိုင်ရခဲ့ပါတယ်။ ဂျူဗင်တပ်ဟာပီယာလိုကို နည်းပြခန့်ပြီး နားရက်တောင်သိပ်မပေးခဲ့ဘဲ  အသင်းသားတွေကို စခန်းဝင်လေ့ကျင့်စေခဲ့ပါတယ်။ ချန်ပီယံလိဂ်ကနေ စောစောစီးစီးထွက်ခဲ့ရတာကို အထိနာခဲ့ပုံရပါတယ်။ နည်းပြအပြောင်းအလဲလုပ်ထားတဲ့ ဂျူဗင်အနေနဲ့ ပွဲဦးထွက် တာထွက်လှဖို့ လိုအပ် ပါတယ်။ နည်းပြကလည်း ဒီရလဒ်ကိုပဲလိုချင်တာပါ။ ဂျူဗင်ဟာ ဆမ်ဒိုးရီးယားနဲ့ အိမ်ကွင်း ၅ ပွဲဆုံတွေ့ရာမှာ ၅ ပွဲလုံးနိုင်ခဲ့ပြီး၄ ပွဲမှာ ဂိုးအပြတ်နဲ့နိုင်ခဲ့တာပါ။

ဆမ်ဒိုးရီးကတော့ အိမ်ကွင်းမှာ ဂျူဗင်ကိုရှုံးနေကျအသင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက တန်းမဆင်းရရေး အသည်းအသန် ရုန်းကန်ခဲ့ရပါတယ်။ ထိပ်တန်းကစားသမားလဲမရှိပါဘူး။ ဂျူဗင်အိမ်ကွင်းမှာ ဆမ်ဒိုးရီးယားတို့ ကျော်ဖြတ်ဖို့ မလွယ်ပါဘူး။ ဂျူဗင်ဟာ အစဉ်သဖြင့် ရာသီအဖွင့်ပွဲတွေလန်းလေ့ရှိကာ အထူးသဖြင့် အိမ်ကွင်းဆိုရာသီသစ်ရဲ့ ပထမဆုံးပွဲတိုင်း ရှုံးတယ်ဆိုတာမရှိပါဘူး။ ဂျူဗင်တိုက်စစ်မှူးရော်နယ်ဒိုဟာ အိမ်ကွင်းနောက်ဆုံး ၆ ပွဲမှာ ၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဂျူဗင်တို့နည်းပြသစ်၊ စိတ်သစ်၊ လူသစ်၊ အားအင်သစ်တွေနဲ့ ရာသီအဖွင့်အိမ်ကွင်းမှာ ဂိုးပြတ် မပြတ်ဆိုတာတော့ စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေ ည ၁:၁၅ နာရီမှာ စောင့်ကြည့်ကြပါစို့။                                                                                                     


(SO)






အခြားဆက်စပ်သတင်းများ