နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝုဗ်အသင်းကစားသမား ဒီယေဂိုဂျိုတာကို လီဗာပူးခေါ်ယူ

စက်တင်ဘာ   ၂၀


လီဗာပူးအသင်းသည် ဝုဗ်အသင်းကစားသမား ဒီယေဂိုဂျိုတာကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၅ သန်းဖြင့် ငါးနှစ်သက်တမ်းရှိစာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းသည် ဒီယေဂိုဂျိုတာအတွက် ကနဦးပြောင်းရွှေ့ကြေး စတာလင်ပေါင် ၄၁ သန်း ပေးချေရမည်ဖြစ်ပြီး အသင်းအောင်မြင်မှုပေါ်မူတည်၍ နောက်ထပ် စတာလင်ပေါင် ၄ သန်း ထပ်မံပေးချေရ မည်ဖြစ်သည်။

ဒီယေဂိုဂျိုတာသည် ၂၀၁၈ ခုနှစ်က အေတီကိုအသင်းမှ ဝုဗ်အသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်း အတွက် အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သူဖြစ်သည်။

လီဗာပူးအသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ အယ်လ်ကန်တာရာကို လေးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး နောက် နာရီပိုင်းအတွင်း ဒီယေဂိုဂျိုတာကို ခေါ်ယူနိုင်ခဲ့သော်လည်း ယင်းအနေဖြင့် ပွဲထွက်ကစားသမားနေရာ ရရှိဖွယ်မရှိကြောင်း သိရသည်။

လီဗာပူးနည်းပြ ကလော့ပ်သည် အသင်းတိုက်စစ်ပိုင်းတွင် ပွဲထွက်ကစားသမားနေရာအတွက် အသင်း၏ အဓိကတိုက်စစ်ကစားသမားသုံးဦးဖြစ်သည့် ဖာမီနို၊ ဆာလာနှင့် မာနေးတို့ကိုသာ ဦးစားပေးအသုံးပြုသွားဖွယ် ရှိသည့်အတွက် ဒီယေဂိုဂျိုတာအနေဖြင့် လီဗာပူးအသင်းတွင် အရန်ကစားသမားအနေဖြင့်သာ ကစားသွားရဖွယ်ရှိနေသည်။                                                                                                                           


(သူရိန်)






အခြားဆက်စပ်သတင်းများ