နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာလီဂါအဖွင့် လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ် ငယ်နိုင်ဆိုစီဒက်နဲ့တွေ့ဆုံ

စက်တင်ဘာ   ၂၀


အဖွင့်ပွဲဖြစ်တာကြောင့် ရီးရဲလ်တို့ နိုင်ပွဲရအောင် ဂိုးများများရအောင်ကြိုးစားကြရမှာပါ။ ဇီဒန်းလက်ထက် အဖွင့် ပွဲတိုင်းရလဒ်ကောင်းတွေ ရစမြဲပါ။ ၂၀၁၆−၂၀၁၇ ရာသီကလည်း လာလီဂါအဖွင့်ပွဲအဖြစ် ဆိုစီဒက်နဲ့ ဆုံခဲ့ပါတယ်။ ဆိုစီဒက်ကွင်းမှာ ရီးရဲလ်တို့က ၀−၃ နဲ့ အနိုင်ရခဲ့ပြီး ရာသီကုန်မှာ  ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အခုလည်း ဆိုစီဒက်နဲ့ တွေ့ဆုံပြန်ပါပြီ။ ရီးရဲလ်ကတော့ နိမိတ်ကောင်းဖြစ်ပေမယ့် ဆိုစီဒက်ကတော့ ကံဆိုးတယ်လို့ ပြောရမလားပါပဲ။ ဆိုစီဒက်ရဲ့ တိုက်စစ်ပိုင်းဟာ ဂိုးသွင်းနိုင်ခြေရှိပေမယ့် ခံစစ်ကတော့လုံးဝစိတ်မချရပါဘူး။ နောက်အဖွင့်တာထွက်လှဖို့ အထူးကြိုးစားမယ့် ရီးရဲလ်ရဲ့ တိုက်စစ်နဲ့ ရင်ဆိုင်တွေ့ရမှာဖြစ်လို့ ဆိုစီဒက်ခံစစ်တို့အတော်ရုန်းကန်ရမှာပါ။ ရီးရဲလ်ဟာ နည်းပြဇီဒန်းလက်ထက် ဆိုစီဒက်နဲ့ပြိုင်ပွဲစုံ ၉ ပွဲတွေ့ခဲ့ရာမှာ  ၇ ပွဲအထိအနိုင်ရထားပါတယ်။ ဆိုစီဒက်နဲ့တွေ့တိုင်း ဘန်ဇီးမားဂိုးသွင်းလေ့ရှိပါတယ်။ ဒါကြောင့် ရီးရဲလ်ကို ဆိုစီဒက်တို့ယှဉ်ဖို့ မလွယ်ပါဘူး။ အပြန်အလှန်တွေ့ဆုံမှုနောက်ဆုံး ၉ ပွဲမှာ နှစ်သင်းပေါင်း ၃ ဂိုးနဲ့ အထက်ထွက်ခဲ့တဲ့ပွဲက ၈ ပွဲရှိခဲ့ပါတယ်။ ဇီဒန်းလက်ထက် လာလီဂါအဖွင့် ၃ ပွဲတွေ့ ၃ ပွဲစလုံး ရီးရဲလ်နိုင်ခဲ့ပြီး တစ်ပွဲကို ၃ ဂိုးစီသွင်းနိုင်ခဲ့တာတွေ့ရပါတယ်။ ဒီပွဲမှာ ရီးရဲလ်တို့ ဆိုစီဒက်စ်ကို ဂိုးဘယ်လောက်သွင်းမလဲ၊ ဘယ်လောက်ပြန်ပေးရမလဲဆိုတာကို စက်တင်ဘာ ၂၀ ရက်၊ တနင်္ဂနွေ ည ၁:၃၀ နာရီမှာ စောင့်ကြည့်မှချက် ချင်းသိရမှာပါ။                                                                                                                             


(SO)






အခြားဆက်စပ်သတင်းများ