နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲစဉ် ၂ မှာ ဆောက်သမ်တန်ကွင်း လာကစားမယ့် စပါးအသင်းနိုးထဖို့ မလွယ်ကူ

စက်တင်ဘာ   ၂၀


ပွဲစဉ် ၁ မှာတုန်းက နှစ်သင်းစလုံး ၀−၁ ရလဒ်တွေနဲ့ ရှုံးခဲ့ကြပါတယ်။ ဒါကြောင့် ဒီပွဲမှာ အမှတ်ရဖို့ အကြိတ်အနယ် ကစားကြပါလိမ့်မယ်။ မော်ရင်ဟိုရဲ့ စပါးဟာ ပြီးခဲ့တဲ့ အဲဗာတန်နဲ့ပွဲမှာ အတော်လေး ညံ့ဖျင်းခဲ့ပါတယ်။  စပါးရဲ့အဓိကအားနည်းချက်ကတော့ ကွင်းလယ်ဖန်တီးမှု လုံးဝမရှိတဲ့အချက်ပဲဖြစ်ပါ တယ်။ ဆွန်ယောင်မင် မထိုးဖောက်နိုင်ပါ။ ဟယ်ရီကိန်းဆိုရင် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ ဘောလုံး ၂ ကြိမ်ပဲ ထိခဲ့ကာတစ်သင်းလုံးအခြေအနေဆိုးခဲ့ပါတယ်။ ဒီပုံစံနဲ့ ဆောက်သမ်တန်ကွင်းမှာ စပါးပြန်လည်နိုးထဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ ဆောက်သမ်တန်ဟာ လက်ရှိနည်းပြ ဟာဆန်ဟူတယ်လက်ထက်မှာ တိုက်စစ် ကစားပုံအတော်လေးကောင်းတဲ့အသင်းပါ။ ဟာဆန်ဟူထယ်လက်ထက် ပရီးမီးယားလိဂ် ၂၄ ပွဲမှာ ဆောက်သမ် တန်တို့ ၂ ပွဲဆက်ဂိုးပေါက်မပျောက်ခဲ့ပါ။ ဒါကြောင့် ဒီပွဲဟာဂိုးပြန်ရမယ့်ပွဲပါ။ ပြီးခဲ့တဲ့ ပဲလေ့စ်နဲ့ပွဲမှာ ဆောက်သမ်တန်တို့ရဲ့ တိုက်စစ်ဟာ ဂိုးသွင်းခွင့်တွေအများအပြားရခဲ့ကာ ပဲလေ့စ်ခံစစ်ပိတ်နိုင်လွန်းလို့ သာ ဂိုးမရဖြစ်ခဲ့တာပါ။ စပါးအသင်းဟာ  အဲဗာတန်နဲ့ပွဲမှာ အင်မတန်လေးပြီး ပြေးအားကျသွားတဲ့ အယ်ဒါဝီရက်လို ခံစစ်သမားမျိုးကိုတောင် မကျော်လွှားနိုင်ရင် ဆောက်သမ်တန်နောက်တန်းနဲ့ဆိုပါက စပါး တို့ နလန်ထူနိုင်စရာမရှိပါ။ ဒါကြောင့် စပါးအသင်းကံကူလို့ နလန်ထူမလားဆိုတာတော့ စက်တင်ဘာ ၂၀ ရက်၊  တနင်္ဂနွေ ညနေ ၅:၃၀ ချိန်မှာ စောင့်ကြည့်မှသိရမှာပါ။                      


(SO)






အခြားဆက်စပ်သတင်းများ