စက်တင်ဘာ ၂၀၊ စင်ကာပူ
စင်ကာပူနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ခြေရာခံကိရိယာထောင်ပေါင်းများစွာ ဖြန့်ဖြူးပေးလျက်ရှိသည်။ အဆိုပါကိရိယာကို အသုံးပြုသူအနေဖြင့် မည်သည့်နေရာတွင် ရှိနေကြောင်း၊ မည်သူများနှင့် ထိတွေ့မှုရှိကြောင်း စသည့်အချက်များကို ဖော်ပြပေးနိုင်မည်ဖြစ်သည်။ စမတ်ဖုန်း မရှိသူများ၊ စင်ကာပူအစိုးရက ဖြန့်ချိပေးခဲ့သည့် ခြေရာခံစောင့်ကြည့်ရေး app အသုံးမပြုနိုင်သူများအတွက် ရည်ရွယ်ပြီး ခြေရာခံစောင့်ကြည့်နိုင်မည့် ဘလူးတု(bluetooth)ကိရိယာငယ်များ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
ခြေရာခံစောင့်ကြည့်နိုင်သည့် ဘလူးတုကိရိယာများ၏ ဒေတာထိန်းသိမ်းကာကွယ်မှုအပေါ် စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း အဆိုပါကိရိယာများမှာ အသက်ကြီးသူများ အိမ်ပြင်ထွက်ရာတွင် ဘေးကင်းလုံခြုံမှု ခံစားရအောင် ကူညီပေးနိုင်လိမ့်မည်ဟု အာဏာပိုင်များက ပြောသည်။ အဆိုပါကိရိယာမှာ အသက်ကြီးသူများအနေဖြင့် မည်သည့်နေရာများသို့ သွားခဲ့သည်ဆိုခြင်းကို တိကျစွာ ဖော်ပြပေးနိုင်မည်ဖြစ်သည်။
Ref:BBC(KNT)