နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လားရှိုးမြို့နယ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

လားရှိုး စက်တင်ဘာ ၂၀


 စက်တင်ဘာ ၁၈ ရက်၊ ညနေ ၄ နာရီခွဲအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ကုန်းပေါင်းကျေးရွာနေ မအားစီး၏နေအိမ်ကို ရှာဖွေရာ ၎င်းနှင့်အတူ အားတီအားတွေ့ရှိရပြီး နေအိမ်အိပ်ခန်းနှင့် ခြံဝင်းအတွင်းတို့မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁,၄၀၀ ပြား၊ ဘိန်းဖြူ ၀ ဒသမ ၂၅ ကီလို၊ မြန်မာငွေ ၁၀၀,၀၀၀ ကျပ်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

အဆိုပါ သိမ်းဆည်းရမိခဲ့သော မူးယစ်ဆေးဝါးများနှင့်အတူ မအားစီး(၅၀)နှစ်၊ အားတီ(၂၄)နှစ်တို့အား  မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရ သည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ