နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထားဝယ်မြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ထားဝယ် စက်တင်ဘာ ၂၀


 စက်တင်ဘာ ၁၈ ရက်၊ ညနေ ၆ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ သည်တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဆန်းချီမြို့သစ်ရပ်ကွက်၊ ကမြောကင်းလမ်းရှိ  စားသောက်ဆိုင်သို့ ရောက်ရှိလာသူ အောင်ဆက်ပိုင်(ခ)ဝက်ကြီးနှင့် ဇော်ဟိန်း(ခ)သားကြီးတို့အားရှာဖွေရာ ယင်းတို့ ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၀၀၀ ပြား၊ မော်တော်ဆိုင်ကယ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပါသည်။ 

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့်အတူ အောင်ဆက်ပိုင် (ခ)ဝက်ကြီး(၂၄)နှစ်၊ ဇော်ဟိန်း(ခ)သားကြီး(၂၀)နှစတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ