နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌မြို့တော်သူ၊ မြို့တော်သားများ လိုက်နာဆောင်ရွက်

ရန်ကုန်   စက်တင်ဘာ   ၂၀


မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၀ ရက် နံနက်က COVID-19 ရောဂါပိုးရှိသူ ၆၄၂ ဦး ထပ်မံတွေ့ရှိရသဖြင့် ရောဂါ    ပိုးရှိသူ ၅၂၆၃ ဦးရှိသည်။ ရောဂါပိုးတွေ့ရှိသူ ၅၂၆၃ ဦးအနက် ဆေးရုံဆင်းခွင့်ပြုခဲ့သူ ၁၁၈၈ ဦး၊ သေဆုံးသူ ၈၁ ဦး၊ စောင့်ကြည့်လူနာအသစ် ၃၂၈ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထား သည်။ ဩဂုတ်လ ဒုတိယပတ်မှစ၍ ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါပိုး စတင်တွေ့ရှိရာမှ ပိုးတွေ့လူနာနှုန်း မြင့်မားလာသည်။ ရခိုင်ပြည်နယ်တွင် ရောဂါထိန်းချုပ်ရေး မဟာဗျူဟာကြောင့် COVID-19 ရောဂါပိုးတွေ့ရှိမှုကို အလျင်အမြန် လျှော့ချနိုင်ခဲ့သည်။ COVID ရောဂါ ရာဂဏန်းဖြစ်ပွားနေရာမှ ခုဂဏန်းသာရှိတော့သည်။

ယနေ့ရန်ကုန်မြို့သည် အရေးအကြီးဆုံး အခြေအနေတွင်ဖြစ်နေပြီး ထိန်းချုပ်ရမည့် အဆင့်ဖြစ်သည်။ ရန်ကုန်မြို့ကိုစနစ်တကျ ထိန်းချုပ်နိုင်ပါက ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ လူဦးရေ ၆ သန်းနီးပါးရှိသော ရန်ကုန်မြို့ကြီးတွင် အလုပ်အကိုင်နှင့် မဖြစ်မနေဆောင်ရွက်ရမည့် စီးပွားရေး၊ လူမှုရေးလုပ်ငန်း များရှိနေသည်။ ရန်ကုန်မြို့နေပြည်သူများအားလုံး တတ်နိုင်သမျှ အိမ်တွင်နေထိုင်ကြရန်နှင့် အပြင်ထွက်တိုင်း Mask ဝတ်ဆင်ရန်၊ ရေနှင့် ဆပ်ပြာအသုံးပြုပြီး လက်ကို မကြာခဏ ဆေးကြောရန်နှင့် သတ်မှတ်အကွာအဝေး အတိုင်း စကားပြောဆိုခြင်းများကို အသိပေးထားရာ အလေးထား ဂရုပြုဆောင်ရွက်ရန် လိုအပ်သည်။

ယနေ့ကာတွင် ရပ်ရွာများ၌ တစ်ဦးနှင့် တစ်ဦး အချင်းချင်းအကြား ရိုင်းပင်းကူညီ၊ ဖေးဖေးမမနှင့် နွေးထွေး မှုပေးတတ်ခြင်းသည် လူမှုနယ်ပယ်၏ လူသားပီသမှုလက္ခဏာတစ်ခုဖြစ်သည်။ လူတစ်ဦး၊ လူတစ်စုမှသည် အဖွဲ့ အစည်းတစ်ခုစသည်ဖြင့် တူရာတူရာစုစည်းကာ ကူညီပံ့ပိုး၍ လောကအကျိုးသယ်ပိုးနေကြသူများ၊ အဖွဲ့အစည်း များ အများအပြားရှိသည်။ မြန်မာ့လူ့အဖွဲ့အစည်း၏ ရိုင်းပင်းကူညီမှုစိတ်ဓာတ်ကောင်းများပင်ဖြစ်သည်။

ယခုအခါ ရန်ကုန်မြို့တွင် Lockdown မိနေသော မိသားစုများ၊ ပိုးတွေ့လူနာအဖြစ် မိသားစုနှင့် ခွဲနေရသူနှင့် Quarantine Center ကိုရောက်ရှိနေသူများထံ မိသားစုများမှ ပို့ပေးချင်သည့် ပစ္စည်းများကိုလည်းကောင်း အခမဲ့ ပို့ဆောင်ပေးခြင်း၊ လတ်တလောစောင့်ကြည့်စစ်ဆေးကာလအတွင်း ဈေးဝယ်ရန် အခက်အခဲကြုံတွေ့နေရသည့် မိသားစုများ (ကုန်ခြောက်)ဝယ်ယူရန် အကူအညီတောင်းခံလာပါက အခမဲ့ကူညီပေးသည့် ပရဟိတအသင်းများ က လူမှုကွန်ရက်တွင် အသိပေးထားကြသည်။ ပရဟိတစိတ်ဓာတ်ဖြင့် ဝိုင်းဝန်းစောင့်ရှောက်ကြသည်။ ရန်ကုန်သူ၊ ရန်ကုန်သားတို့ စည်းလုံးမှုပင် ဖြစ်သည်။

ရန်ကုန်တွင် တိုးလာသမျှလူနာများကို  ထိန်းသိမ်းကုသပေးနိုင်ခဲ့သည်။ ရောဂါပိုးတွေ့သူများအား စောင့်ရှောက်မှုပေးနိုင်ခဲ့သည်။ မည်သည့်အခက်အခဲပင်ရှိသော်ငြားလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်ကို အလေးထား လိုက်နာဆောင်ရွက်စေချင်ကြောင်း ။       ။






အခြားဆက်စပ်သတင်းများ