နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘက်ထရီ 3000 mAh ပါဝင်သည့် LG Q31 ကို ကြေညာ

စက်တင်ဘာ   ၂၀


LG က တန်ဖိုးသင့်စမတ်ဖုန်းဖြစ်သည့် LG Q31 ကို ကြေညာလာပြီဖြစ်သည်။ အဆိုပါစမတ်ဖုန်းမှာ ၅ ဒသမ ၇ လက်မ HD+ ရုပ်ထွက်သုံးထားပြီး Waterdrop Notch မှာ ရှေ့ကင်မရာ 5MP ပါဝင်သည်။ အလေးချိန် ၁၄၅ ဂရမ်ရှိပြီး Resolution 720 x 1520 pixels, 19:9 ratio ပါဝင်သည်။

LG Q31 ကို Helio P22 ၊ RAM3GB နှင့် ပါဝါထောက်ပံ့ထားပြီး Storage 32GB သာ ပါဝင်သည်။ microSD ကနေ ထပ်တိုးနိုင်မည်ဖြစ်သည်။ Android 10 ပါဝင်ပြီး CPU အနေဖြင့် Octa-core 2.0 GHz Cortex-A53 ပါဝင်သည်။

ကျောဘက်ကင်မရာနှစ်လုံးပါဝင်ကာ 13MP f/1.8+5MP f/2.2 Ultrawide တို့ဖြစ်သည်။ ဘက်ထရီ 3000 mAh ပါဝင်ပြီး microUSB မှတစ်ဆင့် အားသွင်းရမည်ဖြစ်သည်။

အဆိုပါဖုန်းကို ဈေးနှုန်းဒေါ်လာ ၁၈၀ သတ်မှတ်ထားပြီး ငွေရောင်တစ်မျိုးတည်းဖြင့်သာ ရွေးချယ်နိုင် မည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ