နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Huawei က တက်ဘလက်သစ်တစ်မျိုးကို မိတ်ဆက်

စက်တင်ဘာ   ၂၀


Huawei က MatePad Pro 5G ကတည်းက မျိုးဆက်သစ်ကွန်ရက်နည်းပညာကို အသုံးပြုလာခဲ့သည်။ ယခုအခါဈေးပိုသက်သာသည့် 5G တက်ဘလက်သစ်ကို ကြေညာလိုက်သည်။ Huawei MatePad 5G သည် Huawei MatePad 10.4 ကို Upgrade လုပ်ထားသည့် မော်ဒယ်ဖြစ်ပြီး ပိုအားကောင်းသည့် Processor ဖြင့် ဆက်သွယ်ရေးနည်းပညာ ထည့်ထားသည်။

အဆိုပါဒီဇိုင်းပိုင်းသည် Huawei MatePad 10.4 မော်ဒယ်ဖြင့်ဆင်တူပြီး  Kirin 810 Chipset အသုံးပြုရာ မှ Kirin 820 5G Chipset ပြောင်းသုံးလာပြီး ယခင် Mali-G52 MP6 GPU ထက် ၃၀ ရာခိုင်နှုန်းအထိ စွမ်းအားကောင်းသည့် Mali-G57 MP6 GPU ဖြင့် ထွက်ရှိလာသည်။ Memory Configuration အနေဖြင့် 6GB/128GB တစ်မျိုးထဲသာထွက်ရှိလာပြီး MicroSD Card ကနေ Storage မြှင့်နိုင်မည်ဖြစ်သည်။

အခြား Feature များက Huawei MatePad 10.4 ဖြင့် အားလုံးနီးပါး ဆင်တူပြီး ၁၀ ဒသမ ၄ လက်မ IPS LCD Display ဖြင့် ထွက်ရှိလာကာ 2000 x 1200p ရုပ်ထွက်ပါရှိသည်။ ရှေ့ဘက်နှင့် ကျောဘက်တွင် LED Flash နှင့်အတူ 8MP ကင်မရာတို့ အသုံးပြုထားပြီး စပီကာလေးလုံးတပ် တက်ဘလက်ဖြစ်ပြီး 7250mAh ဘက်ထရီ အသုံးပြုထားကာ Charging Speed ကို 18W မှ 22.5W မြှင့်ထားသည်။

USB-C port မှ အားသွင်းနိုင်ပြီး နားကြပ်ကိုလည်း Type-C နားကြပ်  အသုံးပြုနိုင်သည်။ အဆိုပါ တက်ဘလက်သည် Hardware Keyboard Cover နှင့် M-Pencil Stylus တို့ဖြင့် ချိတ်ဆက်နိုင်သည်။ EMUI 10.1 စနစ်ဖြင့် ထွက်ရှိလာပြီး အဖြူနှင့် မီးခိုးနှစ်ရောင်ထွက်ရှိထားသည်။ ဈေးနှုန်းအနေဖြင့် ယွမ် ၃၂၀၀ (မြန်မာငွေ ၆ သိန်း ၃ သောင်းခန့်) သတ်မှတ်ထားသည်။                                                                     


(WP)






အခြားဆက်စပ်သတင်းများ