နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စကိတ်ဘုတ်စီးပြီး သွားနုတ်ခဲ့သည့် သွားဆရာဝန်ဟောင်းကို ထောင်ဒဏ် ၁၂ နှစ် ချမှတ်

စက်တင်ဘာ ၂၀၊ ဝါရှင်တန်


စကိတ်ဘုတ်ပေါ်တွင် မတ်တတ်ရပ်ပြီး လူနာ၏သွားကို နုတ်ခဲ့သည့် သွားဆရာဝန်ဟောင်းကို တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခဲ့သည်။ အသက် ၃၅ နှစ်ရှိသည့် ဆက်လွတ်ဟတ်သည် ပြီးခဲ့သည့်ဇန်နဝါရီလက ကျန်းမာရေးကူညီစောင့်ရှောက်မှုဆိုင်ရာ လိမ်လည်မှု၊ လိမ်လည်လှည့်ဖျားရန် စီစဉ်မှု၊ သွားဘက်ဆိုင်ရာ တရားမဝင်သည့် ကုသနည်းဖြင့် ကုသမှု၊ အဆင်ခြင်ကင်းမဲ့မှုကြောင့် အန္တရာယ်ဖြစ်စေနိုင်မှု စသည့်စွဲချက်များအပါအဝင် စွဲချက် ၄၆ မှုဖြင့် စီရင်ချက်ချမှတ်ခံခဲ့ရသည်။ 

ပြီးခဲ့သည့်တနင်္လာနေ့တွင် အန်ကောရေ့အထက်တရားရုံးရှေ့နေ ဝုဗာတန်က ဆက်လွတ်ဟတ်ကို ဆိုင်းငံ့ထောင်ဒဏ် ၈ နှစ် ပါဝင်သည့် ထောင်ဒဏ် နှစ် ၂၀ ပြစ်ဒဏ်ချမှတ်ခဲ့ရာ ဆက်လွတ်ဟတ်အနေဖြင့် ထောင်ဒဏ် ၁၂ နှစ် ကျခံရမည်ဖြစ်သည်။ ဆက်လွတ်ဟတ်အနေဖြင့် ၁၀ နှစ်တာကာလအတွင်း သွားဘက်ဆိုင်ရာ ဆေးကုသခွင့် ရရှိမည်မဟုတ်ပေ။ ဆက်လွတ်ဟတ်က ယင်း၏လုပ်ရပ်များအတွက် တောင်းပန်သွားခဲ့ပြီး ယင်း၏စိတ်ဓာတ်ကို ပြောင်းလဲနိုင်ခဲ့ပြီဖြစ်၍ တရားရုံးအနေဖြင့် ယင်းအပေါ် ပြစ်ဒဏ်ချမှတ်မှုကို ပြန်စဉ်းစားပေးရန် တောင်းဆိုခဲ့သည်။                                                                                                     

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ