နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးအတွက် လာရောက်လှူဒါန်းသော ပစ္စည်းများအား ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ လက်ခံယူ

ရန်ကုန် ဧပြီ ၂၄ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ယနေ့၊ နံနက်(၁၀)နာရီက Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်၊ ကုသရေးအတွက် လာရောက်လှူဒါန်းသော ပစ္စည်းများအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ ၌ လက်ခံရယူခဲ့သည်။ ယနေ့ လာရောက်လှူဒါန်း သော အလှူရှင်များ၊အလှူငွေနှင့် ပစ္စည်းများမှာ TENG FEI ASIA GROUP CO.,Ltd မှ ငွေကျပ် ၁၀၆,၂၆၅,၀၀၀ တန်ဖိုးရှိ အသက်ရှူစက် အသေး(၃)လုံး၊ Mask ၊ အဖျားကျဆေး၊ ရာဘာလက်အိတ်၊ N 95 ၊ PPE ၊ Hand Gel နှင့် ပိုးသတ်ဆေးများကို လည်းကောင်း၊ ဆုပန်ထွာကုမ္ပဏီလီမိတက်နှင့် Trillion Ocean Co.,Ltd တို့မှ ငွေကျပ်သိန်း(၈၀၀) တန်ဖိုးရှိ PPE (၃၀၀၀)စုံ၊ Mask (၁၀,၀၀၀)ခု၊ Eye Shield မျက်မှန် (၄၈၀)ခုကို လည်းကောင်း၊ ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းရုံးချုပ် (လားရှိုး)၏ ကိုးကန့်တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ (ရှာဖွေရေး)အဖွဲ့မှ ငွေကျပ် ၁၅,၂၂၂,၁၀၀ တန်ဖိုးရှိ Mask (၈၀၀၀)ခုကို လည်းကောင်း၊ Taipei Economic and Cultural Office in Myanmar မှ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေကျပ် သိန်း(၂၅၀)တန်ဖိုးရှိ Mask (၅၀,၀၀၀)ခုကို လည်းကောင်း ၊LAL LUNG HNEMA (U Patea)မှ ငွေကျပ် သိန်း(၅၀)တန်ဖိုးရှိ ပစ္စည်းများကို လည်း ကောင်း၊ ဦးမြတ်မိုးကို (ကျော်ဒိုင်းမွန်း Land ဗိုလ်ချုပ်ဈေး)မှ ငွေကျပ် သိန်း(၁၀) တန်ဖိုးရှိ ပစ္စည်းများကို လည်းကောင်း Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အသုံးပြုရန် လာရောက်လှူဒါန်းခြင်းများအားဝန်ကြီးချုပ်မှ လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။ ကျော်သူထက်






အခြားဆက်စပ်သတင်းများ