နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျေးသီးမြို့တွင် ငွေကျပ် ၅,၅၅၇ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ကျေးသီး စက်တင်ဘာ ၂၀


 စက်တင်ဘာ ၁၈ ရက်၊ နံနက် ၈ နာရီအချိန် ကျေးသီးမြို့မစခန်းမှ တပ်ဖွဲ့ဝင်များသည် ကျေးသီးမြို့၊ ဟိုခိုရပ်ကွက်၊ ကျေးသီး-မိုင်းကိုင်သွားကားလမ်းတွင် မသင်္ကာဖွယ်ရပ်တန့်ထားသည့် TOYOTA HILUX အမျိုးအစားမော်တော်ယာဉ်ကိုရှာဖွေရာ ယာဉ်မောင်းအားမတွေ့ရှိရဘဲ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅,၇၅၀ ပြား သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ သိမ်းဆည်းရမိခဲ့သော မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါများအား သိမ်းဆည်းထားရှိပြီး ကွင်းဆက်တရားခံများအား ဆက်လက်စုံစမ်းဖော်ထုတ်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်းနှင့် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ထားကြောင်းသိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ