ရန်ကုန် ဧပြီ ၂၄ တောင်ဥက္ကလာပမြို့နယ် အမှတ်(၉) ရပ်ကွက်၊ ဝေဇယန္တာလမ်းတွင်နေထိုင်သော ဒေါ်စန်းစန်းနိုင်(အောင်သုခ သစ်စက်မိသားစု)မှ Surgical Gown ဝတ်စုံ ၁၀၀ နှင့် Double Elastic Caps အခု ၁၀၀ ပါနှစ်ဘူးကို ကိုရိုနာ ဗိုင်းရပ်စ် COVID-19 ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် မြိုနယ်ကျန်းမာရေးဦးစီးဌာနသို့ လှူဒါန်းခဲ့ရာ ဧပြီ ၂၃ ရက်က အလှူရှင်ကိုယ်စား လုပ်အားဒါနကုသိုလ်ယူ ချုပ်လုပ်ပေးသော အောင်သရဖူကြော်ငြာတံဆိပ်ရိုက်နှင့် လက်ဆောင်အိတ်ချုပ်လုပ်ငန်းပိုင်ရှင် ဒေါ်ရွှေရွှေမာ သွားရောက်ပေးအပ်ခဲ့စဉ်။ နေထက်အောင်