နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Garmin က စမတ်နာရီသစ် Forerunner 745 ကို ကြေညာ

စက်တင်ဘာ   ၁၉

Garmin က စမတ်နာရီသစ်အဖြစ် Forerunner 745 ကို ကြေညာလာသည်။ Forerunner 745 မှာ အားကစားလှုပ်ရှားမှုအားလုံးကို Tracking လုပ်နိုင်သည့် စနစ်ပါဝင်သလို အခြေခံစမတ်နာရီမှာပါဝင်သည့် Notifications ၊ Music Storage ၊ Music Controls ၊ NFC တို့လည်း ပါဝင်သည်။

အဆိုပါ စမတ်နာရီမှာ ၁ ဒသမ ၂ လက်မ Transflective MIP (Memory in Pixel) Always-on Display ရုပ်ထွက်သုံးထားပြီး 240x240px Resolution သုံးထားသည်။ အတိုင်းအတာက 43.8 x 43.8 x 13.3 မီလီမီတာ ရှိပြီး ၄၇ ဂရမ် အလေးချိန်ရှိသည်။ ရေကူးမှု၊ စက်ဘီးစီးမှု၊ ပြေးမှုအပါအဝင် အားကစားလှုပ်ရှားမှုပေါင်း ၁၀၀ ကျော်တို့ကို Tracking လုပ်ပေးနိုင်သည်။ ထို့အပြင် အဆိုပါစမတ်နာရီက Forerunner စီးရီးထဲမှာ အငယ်ဆုံး နှင့် အပေါ့ပါးဆုံး စမတ်နာရီလည်းဖြစ်သည်။

Blood Oxygen Sensor လည်း ပါဝင်သလို Sleep Tracking လည်း ပါဝင်သည်။ 5ATM ရေစိမ်ခံပြီး Bluetooth ၊ Wi-Fi ပါဝင်ပါတယ်။ တစ်ကြိမ် အားအပြည့်သွင်းထားပါက အနည်းဆုံး တစ်ပတ်အထိ အသုံးခံပြီး GPS ဖြင့် သုံးပါက ၁၆ နာရီ သုံးနိုင်မည်ဖြစ်သည်။
အဆိုပါ စမတ်နာရီကို အနက်ရောင်၊ အဖြူရောင်နှင့် အစိမ်းရောင်တို့ဖြင့် ရွေးချယ်နိုင်ပြီး ဈေးနှုန်းအနေဖြင့် ဒေါ်လာ ၅၀၀ သတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ