နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရပ်ဆဲဒိုင်းမွန်းလိဂ်မှ တစ်နာရီကြာ ပြေးရတဲ့ပြိုင်ပွဲမှာ မိုဖာရာ ကမ္ဘာ့စံချိန်သစ်တင်

စက်တင်ဘာ   ၁၉

အိုလံပစ်ရွှေတံဆိပ် ၄ ခုပိုင်ဆိုင်ထားတဲ့ ဗြိတိန်အပြေးချန်ပီယံ မိုဖာရာဟာ ဘယ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့ တွင် ကျင်းပခဲ့တဲ့ ဒိုင်းမွန်းလိဂ်အပြေးပြိုင်ပွဲရဲ့ တစ်နာရီတိတိပြေးရတဲ့ အပြေးပြိုင်ပွဲမှာ ကမ္ဘာ့စံချိန်သစ်စိုက်ထူ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အိုလံပစ်ပြိုင်ပွဲမီတာ ၁၀၀၀၀ နဲ့ မီတာ ၅၀၀၀ ပြေးပွဲတွေမှာ ရွှေတံဆိပ်ဆုများ ရယူထားခဲ့တဲ့ မိုဖာရာဟာ ဒိုင်းမွန်းကြောင့် ၂၀၀၇ ခုနှစ်က ဟိုင်လီဂျီဘရာဆယ်လက်ဆီ စံချိန်တင်စိုက်ထူထား ခဲ့တဲ့ ၂၁၂၈၅ ကီလိုမီတာ စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မိုဖာရက်အတွက် ရုံတွင်းပြင်ပပြေးပွဲတစ်ခုမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့စံချိန်သစ် စိုက်ထူနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ "ကမ္ဘာ့စံချိန်သစ်စိုက်ထူနိုင်ဖို့ဆိုတာ တကယ်ကို ခက်ခဲပါတယ်။ ဒီစံချိန်ဟာ အချိန်အကြာကြီး တည်ရှိနေခဲ့တာပါ။ အခုလိုစံချိန်သစ်တင်နိုင်ခဲ့တာက ကျွန်တော့်အတွက် အများကြီးအဓိပ္ပာယ်ရှိပါတယ်။ ပြေးလမ်းဘက်ကို ပြန်လာနိုင်ခဲ့တဲ့အတွက် ကျွန်တော်အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ပြေးလမ်းတွေကို ပထမဆုံးပြန်လာတဲ့ပြိုင်ပွဲများ စံချိန်သစ်တင်နိုင်ခဲ့တာက ကျွန်တော့်ကို နောက်ထပ်စံချိန်တွေထပ်မံစိုက်ထူ နိုင်အောင် တွန်းအားပေးနိုင်ခဲ့ပါတယ်"လို့ မိုဖာရာက ပြောကြားခဲ့ပါတယ်။                                             

(SO)






အခြားဆက်စပ်သတင်းများ