နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အငြိုးအတေးမထားတတ်တဲ့ ဂါရတ်ဘေးလ် နည်းပြဇီဒန်းကို ကံကောင်းပါစေလို့ နှုတ်ဆက်

စက်တင်ဘာ   ၁၉

အသက် ၃၁ နှစ်အရွယ် ဂါရတ်ဘေးလ်က မက်ဒရစ်မှာဆေးစစ်မှုအောင်မြင်ခဲ့တာကြောင့် စပါးအသင်းကို တစ်နှစ်အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။ မက်ဒရစ်ရဲ့တောင်ပံကစားသမား ဂါရတ်ဘေးလ်ဟာ စပါးကို မပြောင်းမီ အသင်းဖော်တွေကို နှုတ်ဆက်စကားတွေပြောခဲ့ပြီး နည်းပြဇီဒန်းကို လည်း ဒီရာသီကံကောင်းပါစေလို့ ဆုတောင်းပေးခဲ့ပါသေးတယ်။ ဘေးလ်ရဲ့ တစ်ပတ်လုပ်ခပေါင် ၆ သိန်းကို နှစ်သင်းစလုံးက မျှခံကြဖို့ သဘောတူညီမှုရရှိခဲ့ကြပါတယ်။ ဘေးလ်ဟာ သောကြာနေ့မှာ ရီးရဲလ်မက်ဒရစ် ကနေ စပါးအသင်းက ပေါင် ၂၇ ဒသမ ၆ သန်းနဲ့ ခေါ်ယူထားတဲ့ ဆာဂျီယိုရီဂူလွန်နဲ့အတူ လန်ဒန်ချီတက်လာ နေပါပြီ။ Cuatro ရဲ့ ဖော်ပြချက်အရ ဘေးလ်ဟာ ကြာသပတေးနေ့က အသင်းဖော်တွေကို နှုတ်ဆက်စကား ပြောဖို့ မက်ဒရစ်ရဲ့ လေ့ကျင့်ရေးစင်တာကို ရောက်ခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရာသီက နည်းပြဇီဒန်းရဲ့ ချောင်ထိုး ထားမှုခံခဲ့ရပေမယ့် ဘေးလ်ကတော့ အသင်းဖော်တွေကြားမှာ ထင်ရှားတဲ့ ကစားသမားတစ်ဦးဖြစ်နေဆဲပါ။ အသင်းဖော်တွေက ဂေါက်သီးသမားလို့တောင် နာမည်ပြောင်းပေးထားကြပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့ရာသီ က ဘယ်လိုဆက်ဆံခံရတယ်ဆိုတာကို အငြိုးအတေးမထားခဲ့တာကြောင့် နည်းပြဇီဒန်းကိုလည်း လာမယ့် ရာသီကံကောင်းပါစေလို့ နှုတ်ဆက်ဆုတောင်းပေးခဲ့ပါတယ်။ ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးကနေ ပေါင် ၈၅ သန်းနဲ့ မက်ဒရစ်ကို ပြောင်းရွှေ့လာခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပါတယ်။                                                                                                              

(SO)






အခြားဆက်စပ်သတင်းများ