နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရိုးမားတိုက်စစ်မှူး ဒီဇီကိုကိုခေါ်ယူရန် ဂျူဗင်တပ်အသင်း ပြင်ဆင်

စက်တင်ဘာ  ၁၉

ဂျူဗင်တပ်အသင်းက တိုက်စစ်ပိုင်းတွင် အင်အားဖြည့်တင်းရန် ရိုးမားအသင်းတိုက်စစ်မှူး ဒီဇီကိုကို ခေါ်ယူရန် ပြင်ဆင်နေကြောင်း သိရသည်။
ဒီဇီကိုသည် မန်စီးတီးအသင်းမှ ရိုးမားအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အသင်းနှင့် စီးရီးအေပြိုင်ပွဲတွင် ငါးနှစ်ကြာဖြတ်သန်းထားသူဖြစ်သောကြောင့် ဂျူဗင်တပ်အသင်းက ယင်းကို နှစ်နှစ်စာချုပ်ဖြင့်ခေါ်ယူရန် ပြင်ဆင်နေခြင်းဖြစ်သည်။

ဂျူဗင်တပ်အသင်းသည် ဒီဇီကိုကို ပြောင်းရွှေ့ကြေး ယူရို ၁၆ သန်းဖြင့်ခေါ်ယူရန်စီစဉ်နေပြီး တစ်နှစ် လုပ်ခလစာ  ယူရို ၇ ဒသမ ၅ သန်းဖြင့် ကမ်းလှမ်းမည်ဖြစ်သည်။
ရိုးမားအသင်းကလည်း ဒီဇီကို ထွက်ခွာသွားပါက ယင်းနေရာတွင် အစားထိုးရန် နာပိုလီအသင်းတိုက်စစ်မှူး မီလစ်ခ်ကို ခေါ်ယူရန်ပြင်ဆင်ထားကြောင်း သိရသည်။
ဂျူဗင်တပ်အသင်း နည်းပြပီယာလိုသည် အသင်းတိုက်စစ်ပိုင်းကို ပြန်လည်တည်ဆောက်ရန်အတွက် ဒီဇီကိုကို ဟီဂူအင်နေရာတွင် အစားထိုးသွားမည်ဖြစ်ပြီး တိုက်စစ်ပိုင်းတွင် စီရော်နယ်လ်ဒိုနှင့် ဒီဇီကိုတို့ကို တွဲဖက်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။  

(သူရိန်)






အခြားဆက်စပ်သတင်းများ