နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အေတီပီ(ဂျာမနီ)ပြိုင်ပွဲ ၂ ခုမှာ အန်ဒီမာရေး ဝင်ရောက်ယှဉ်ပြိုင်မယ်

စက်တင်ဘာ   ၁၉

ဗြိတိန်တင်းနစ်သမား အန်ဒီမာရေးဟာ အောက်တိုဘာလအတွင်း ဂျာမနီနိုင်ငံကိုလုံးမြို့မှာ ကျင်းပမယ့် ရုံးတွင်းတင်းနစ်ပြိုင်ပွဲ ၂ ရပ်မှ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါပြိုင်ပွဲ ၂ ရပ်စလုံး ကို ကိုလုံးမြို့လန်ဆက်အရီနာမှာ ကျင်းပမှာဖြစ်ပါတယ်။ ပထမပြိုင်ပွဲကို အောက်တိုဘာ ၁၁ ရက်မှ ၁၈ ရက် အထိနဲ့ ဒုတိယပြိုင်ပွဲကို အောက်တိုဘာ ၁၈ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားရန် စီစဉ်ထားကြပါတယ်။

ရက်ရွှေ့ဆိုင်းခဲ့ရတဲ့ ပြင်သစ်အိုးပင်းပြိုင်ပွဲကို ကျင်းပပြီးတဲ့နောက်မှာ အေတီပီတင်းနစ်ပြိုင်ပွဲ  ၄ ခုထိ ကျင်းပ သွားမှာဖြစ်ပါတယ်။ ကျန်ပြိုင်ပွဲနှစ်ရပ်ကို အီတလီနဲ့ ကာဇက်စတန်နိုင်ငံတွေမှာ ကျင်းပသွားမယ်လို့ သိရပါ တယ်။ အန်ဒီမာရေးဟာ လ ၂၀ အတွင်း ပထမဆုံးဂရင်းဆလင်းပြိုင်ပွဲအဖြစ် ယူအက်စ်အိုးပင်းကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကာ ဒုတိယအဆင့်မှ ရှုံးနိမ့်ထွက်ခွာခဲ့ရပါတယ်။ အန်ဒီမာရေးဟာ ပြင်သစ်အိုးပင်းကိုလည်း ပါဝင် ယှဉ်ပြိုင်ရန် စီစဉ်ထားကြောင်း သိရပါတယ်။           

(SO)






အခြားဆက်စပ်သတင်းများ