နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥက္ကဋ္ဌ ဘာတိုမြူကို ဒီမိုကရေစီဆန်ဆန် ဖြုတ်ချမယ့် ဘာစီလိုနာပရိသတ်များ

စက်တင်ဘာ   ၁၉

ဘာစီအသင်းရဲ့ ဥက္ကဋ္ဌရာထူးကို ၂၀၁၄ မှာ အရယူခဲ့တဲ့ ဘာတိုမြူကို ပရိသတ်တွေက အယုံအကြည်မရှိ မဲပေးမှုတွေနဲ့အတူ ဥက္ကဋ္ဌနေရာကနေပါဖယ်ရှားပေးဖို့ ကြိုးပမ်းနေကြပါတယ်။ ဘာတိုမြူအပေါ် ပရိသတ်တွေပေါက်ကွဲခဲ့ရတာက မက်ဆီရဲ့ အပြောင်းအရွှေ့စာချုပ်နဲ့ကိုင်ပေါက်ပြီး ကစားသမားအပေါ် ကတိမတည်တဲ့ လုပ်ရပ်တွေက စခဲ့တာပဲဖြစ်ပါတယ်။ အခုအချိန်မှာတော့ ဘာတိုမြူကို မက်ဆီကိစ္စသာမက  ဆက်စတီယန်ရဲ့ ကိစ္စနဲ့ပါပေါင်းပြီး ရာထူးကဖယ်ရှားရေးဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ပရိသတ်စုစုပေါင်း ၂၀၇၃၁  ယောက်ရဲ့ လက်မှတ်တွေတော့ ရရှိထားပြီးဖြစ်ပါတယ်။ ဒါကြောင့်လက်မှတ် စုစုပေါင်း ၁၆၅၀၀ ဘဲလိုတော့တာဖြစ်ပါတယ်။ သတ်မှတ်လက်မှတ်တွေရရင်  ပရိသတ်ဆန္ဒခံယူပွဲ တွေလုပ်ပေးရပါမယ်။ မဲပေးခွင့်ရှိသူတွေကတော့ ဘာစီကလပ်ရဲ့အဖွဲ့ဝင်တစ်သိန်းခွဲက ပေးရမှာပါ။ စုစုပေါင်း ၆၆ ဒသမ ၅ ရာခိုင်နှုန်း ထောက်ခံကြောင်းမဲရတာနဲ့ ဘာတိုမြူကိုဥက္ကဋ္ဌက ဖြုတ်ချလိုက်ရုံဖြစ်ပါတယ်။ ဒီမိုကရေစီဆန်ဆန် ဆောင်ရွက်ကြတာပါ။ အခုလိုလုပ်ရပ်ဟာ ဘာစီသမိုင်းမှာ သုံးကြိမ်မြောက်ရင်ဆိုင်ရတာ ဖြစ်ပါတယ်။ ၁၉၈၈ မှာ လူးဝစ်နူနက်စ်၊ ၂၀၀၈ မှာ လာပေါ်တာတို့နဲ့ကြုံခဲ့ပါတယ်။ အံ့သြစရာက ဥက္ကဋ္ဌတွေရာထူးမပြုတ်ဘဲ ထောက်ခံသူပိုများလာခဲ့ပါတယ်။ ခုဥက္ကဋ္ဌ ဘာတိုမြူကိစ္စကတော့ ဘယ်လိုဖြစ်လာဦးမလဲဆိုတာ စောင့့်ကြည့်ရဦးမှာပါ။ တစ်ဖန် ဘာစီလိုနာအသင်းကို ဆက်စတီယန်နဲ့ သူ့လက်ထောက်သုံးယောက်က တရားစွဲလိုက်ပါတယ်။ သြဂုတ်လ ၁၇ ရက်က သူတို့ကို ထုတ်ပယ်ကြောင်း အသိပေးခဲ့ပေမယ့် တရားဝင်စာရွက်စာတမ်းနဲ့ လျော်ကြေးကိစ္စတွေကို ခုလစက်တင်ဘာ ၁၆ ရက်မှ ဘာစီက လုပ်လိုက်တာပါ။ ဒါကြောင့် စက်စတီယန်ကို စက်တင်ဘာ ၁၆ ရက်မှသာ တရားဝင်တာဖြစ်ပါတယ်။ တရားဝင်နည်းပြရှိပါလျက်နဲ့ ကိုးမန်းကို ကွင်းအတွင်းနည်းပြစေခဲ့တဲ့ ဘာစီရဲ့လုပ်ရပ်ဟာ ဥပဒေချိုးဖောက် ရာကျပါတယ်။ ဒါကြောင့် ကလပ်ဟာ ဆက်စတီယန်ကိစ္စကို ဖြေရှင်းရဖို့ရှိနေသလို  ဘာတိုမြူရဲ့အုပ်ချုပ် ပုံကတော့ တခါမှမကြားဘူးတာတွေကြားနေရပါတယ်။ ပရိသတ်တွေဖြုတ်ချချင်တာက မဆန်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။                                                            

(SO)






အခြားဆက်စပ်သတင်းများ