နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကာကွယ်ဆေး စမ်းသပ်ထိုးနှံမှု နောက်ဆုံးရသတင်းများ

စက်တင်ဘာ ၁၉

COVID-19 ကပ်ရောဂါကြောင့် ကမ္ဘာတစ်ဝန်းတွင် ကူးစက်ခံရသူ သန်း ၃၀ ကျော်ရှိပြီး သေဆုံးသူ ၉၅၀၀၀၀ ကျော် ရှိလာပြီဖြစ်သည်။ ကမ္ဘာ့နိုင်ငံများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထုတ်လုပ်နိုင်ရန် တက်သုတ်ရိုက်ကြိုးပမ်းလျက်ရှိပြီး လက်ရှိအချိန်တွင် စမ်းသပ်ထိုးနှံမှု အဆင့်(၃)သို့ ရောက်ရှိနေသည့် ဆေးဝါး(၉)မျိုးအထိ ရှိလာခဲ့သည်။ စမ်းသပ်ထိုးနှံမှုများအနက် အဆင့်(၃)မှာ နောက်ဆုံးစမ်းသပ်မှုအဆင့်ဖြစ်ပြီး အောင်မြင်မှု ရရှိပါက အကန့်အသတ်ဖြင့် စတင်ထိုးနှံခွင့်ပြုသည့်အဆင့်သို့ ရောက်ရှိမည်ဖြစ်ကာ ထိုမှတစ်ဆင့် အပြည့်အဝ ထိုးနှံခွင့်ပြုသည့် အဆင့်ဖြစ်လာမည်ဖြစ်သည်။

ယမန်နေ့က အဆင့်(၃)သို့ ရောက်ရှိနေသည့် ဆေးဝါး(၅)မျိုးကို ဖော်ပြခဲ့ပြီးဖြစ်သည်။ ယခုအခါတွင် တရုတ်နိုင်ငံက အကန့်အသတ်ဖြင့် ထိုးနှံခွင့်ပြုထားသည့် ဆေးဝါးတစ်မျိုးကို ထပ်မံဖော်ပြပေးလိုပါသည်။ တရုတ်နိုင်ငံအခြေစိုက် CanSino Biologics ဆေးဝါးကုမ္ပဏီက အဒီနိုဗိုင်းရပ်စ်အပေါ် အခြေခံ၍ ဖော်စပ်ထားသည့် Ad5 ဆေးဝါးမှာ စမ်းသပ်ထိုးနှံမှုအဆင့်(၃)တွင် ပါဝင်သည့် ဆေးဝါးတစ်မျိုးဖြစ်ပြီး အကန့်အသတ်ဖြင့် စမ်းသပ်ထိုးနှံခွင့်ပြုထားသည့် ဆေးဝါးတစ်မျိုးဖြစ်သည်။ မေလတွင် ပထမအဆင့် စမ်းသပ်ထိုးနှံမှု ရလဒ်များကို ဖော်ပြခဲ့ပြီးနောက် ဇွန်လ ၂၅ ရက်တွင် တရုတ်စစ်တပ်က အထူးလိုအပ်သည့်ဆေးဝါးအဖြစ် ထိုးနှံခွင့်ပြုပေးခဲ့သည်။ သို့သော် အဆိုပါဆေးဝါးမှာ တရုတ်စစ်သည်များအတွက် မထိုးမနေရ ဆေးဝါးဖြစ်လာခြင်း ရှိ၊ မရှိ ဆိုသည့် အချက်ကို CanSino ကုမ္ပဏီက ပြောကြားခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့်သြဂုတ်လအတွင်း ဆော်ဒီနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံများတွင်လည်း အဆိုပါဆေးဝါးကို စမ်းသပ်ထိုးနှံခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ