နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခိုးယူခံခဲ့ရသည့် ပေါင် ၂ ဒသမ ၅ သန်းတန် တန်ဖိုးကြီးစာအုပ်များကို အိမ်တစ်လုံး၏ ကြမ်းခင်းအောက်မှ ပြန်လည်တွေ့ရှိ

စက်တင်ဘာ ၁၉၊ ဘူခါရက်

လန်ဒန်မြို့ဂိုဒေါင်မှ ခိုးယူသွားသည့် ပေါင် ၂ ဒသမ ၅ သန်းတန် တန်ဖိုးကြီးစာအုပ် ၂၀၀ နီးပါးကို ရိုမေးနီးယားနိုင်ငံ ကျေးလက်ဒေသမှ အိမ်တစ်လုံး၏ ကြမ်းခင်းအောက်တွင် မြှုပ်ထားကြောင်း တွေ့ရသည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ အဆိုပါစာအုပ်များတွင် ဂယ်လီလီယိုနှင့် အိုက်ဆက်နယူတန်တို့ ရေးသားထားသည့် စာအုပ်များ ပါဝင်သည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် သူခိုးများက လန်ဒန်မြို့၊ ဖယ်သမ်မြို့ငယ်ရှိ ဂိုဒေါင်အမိုးကို အပေါက်ဖောက်၍ ဂိုဒေါင်အတွင်း လျှောဆင်းကာ ဆင်ဆာများကို တိမ်းရှောင်ကာ အစားထိုးမရသည့် တန်ဖိုးကြီးစာအုပ်များ ခိုးယူသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါခိုးယူမှုတွင် ပါဝင်ခဲ့သူများမှာ ရိုမေးနီးယားဒုစရိုက်ဂိုဏ်းသားများဖြစ်သည်။ အဆိုပါဂိုဏ်းမှာ ဗြိတိန်နိုင်ငံတစ်ဝန်းရှိ တန်ဖိုးကြီးပစ္စည်းများ သိုလှောင်ထားသည့် ဂိုဒေါင်များကို ဖောက်ထွင်းမှုလုပ်ခဲ့သူများဖြစ်ကြောင်း လန်ဒန်မြို့ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ရိုမေးနီးယားနိုင်ငံ အရှေ့မြောက်ပိုင်း နမ့်ဒေသရှိ အိမ်တစ်လုံးကို ရှာဖွေချိန်တွင် ရဲအရာရှိများက တန်ဖိုးကြီးစာအုပ်များကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဖောက်ထွင်းမှုများနှင့်ပတ်သက်၍ လူ ၁၃ ဦးကို စွဲချက်တင်ထားပြီး လူ ၁၂ ဦးက အပြစ်ရှိကြောင်း ဖြောင့်ချက်ပေးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ