နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တစ်စိတ်တစ်ဒေသကို ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်မည်

စက်တင်ဘာ ၁၉၊ မက်ဒရစ်

ဥရောပနိုင်ငံများတွင် COVID-19 ရောဂါကူးစက်မှု တစ်ကျော့ပြန် မြင့်တက်လျက်ရှိရာ စပိန်နိုင်ငံမြို့တော် မက်ဒရစ်မြို့တစ်စိတ်တစ်ဒေသကို ပိတ်ဆို့မှုစည်းမျဉ်းများ ချမှတ်တော့မည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ လာမည့်တနင်္လာနေ့မှစတင်၍ မက်ဒရစ်မြို့တွင်နေထိုင်သူ ၈၅၀၀၀၀ ကျော်အနေဖြင့် ခရီးသွားလာခွင့်၊ လူမည်မျှသာ စုဝေးခွင့်ရှိသည်ဆိုသည့် ကန့်သတ်ချက်များ ရင်ဆိုင်ရမည်ဖြစ်သည်။ စပိန်နိုင်ငံမှာ ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူအများဆုံးဖြစ်ပြီး မက်ဒရစ်မြို့မှာလည်း ရောဂါ ကူးစက်မှု အဆိုးရွားဆုံးဒေသဖြစ်သည်။ ဆောင်းရာသီ ဝင်ရောက်လုဆဲဆဲဖြစ်နေရာ ကမ္ဘာ့မြောက်ပိုင်းရှိ နိုင်ငံအများအပြားမှာ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ရင်ဆိုင်နေရသည်။ '' အခြေအနေတွေ ဒီထက် ပိုမဆိုးလာစေဖို့၊ ကူးစက်ပြန့်ပွားမှုကို လျှော့ချဖို့၊ ဖွင့်ထားပြီးသား ကျောင်းတွေ ပြန်မပိတ်ဖို့၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ထိလွယ်ရှလွယ်အဖြစ်နိုင်ဆုံးသူတွေကို ကာကွယ်ပေးဖို့ လုပ်စရာတွေ အများကြီးရှိပါတယ်''ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်၏ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အစီအစဉ် အကြီးအကဲ ဒေါက်တာ မိုက်ရိုင်ယန်က ပြောသည်။

စပိန်နိုင်ငံတွင် COVID-19  ရောဂါ ကူးစက်ခံရသူ ၆၂၅၆၅၁ ဦး ရှိနေပြီး မက်ဒရစ်မြို့တစ်ဝန်းမှ ကူးစက်မှု ပမာဏမှာ နိုင်ငံတစ်ဝန်း ပျမ်းမျှပမာဏ၏ နှစ်ဆဖြစ်နေသည်ဟု စပိန်အစိုးရက ပြောသည်။  ပြင်သစ်နိုင်ငံမှာလည်း ကပ်ရောဂါစတင်ခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း လူနာသစ်တွေ့ရှိမှုအများဆုံးအဖြစ် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၁၃၂၁၅ ဦး ရှိခဲ့သည်။ ထို့ကြောင့် မာဆေးလ်နှင့် နိစ်မြို့များအပါအဝင် မြို့အများအပြားကို တင်းကျပ်သည့် ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။              

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ