နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သထုံမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

သထုံ စက်တင်ဘာ ၁၉

  စက်တင်ဘာ ၁၇ ရက်၊   ညနေ ၅ နာရီ ၅၀ မိနစ်အချိန် သထုံခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် မွန်ပြည်နယ်၊ သထုံမြို့၊ သိမ်ကုန်းရပ်ကွက်နေ ကောင်းကျော်ခန့်(ခ)ဂတုံး၏နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၁,၅၃၆ ပြားနှင့် မြန်မာငွေ ၆၀,၀၀၀ ကျပ်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။

တပ်ဖွဲ့ဝင်များသည် ကွင်းဆက်အရ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာအုပ်စု၊ ကျောက်တန်းကျေးရွာနေ မျိုးဇော်ကို ၎င်းနေအိမ်မှ ဖမ်းဆီးရမိခဲ့သဖြင့် ကောင်းကျော်ခန့်(ခ)ဂတုံး(၃၃)နှစ်၊ မျိုးဇော်(၂၉)နှစ်တို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ