နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြဝတီမြို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မြဝတီ စက်တင်ဘာ ၁၉

  စက်တင်ဘာ ၁၇ ရက်၊ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်တွင် အောင်စိုးမိုး(ခ)အောင်မိုး မောင်းနှင်လာသည့် Honda Fit အမျိုးအစားမော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင် ထွက်ပြေးရန်ကြိုးစားသဖြင့် ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး ၎င်းယာဉ်အားရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃,၇၇၃ ပြား သိမ်းဆည်းရမိခဲ့သဖြင့် အောင်စိုးမိုး(ခ)အောင်မိုး(၄၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ