နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Lily Collins ပါဝင်သည့် Emily in Paris ရုပ်သံစီးရီး အောက်တိုဘာလဆန်းတွင် ပြသမည်

စက်တင်ဘာ   ၁၈


ဗြိတိန်-အမေရိကန် အဆိုတော် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သည့် Lily Collins ခေါင်းဆောင် ပါဝင်ထားသည့် Emily in Paris ရုပ်သံစီးရီးကို လာမည့် အောက်တိုဘာ ၂ ရက်တွင် စတင်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။


ဒရာမာဇာတ်မြူးရုပ်သံဇာတ်လမ်းအနေဖြင့် ရိုက်ကူးပုံဖော်ထားသည့် အဆိုပါရုပ်သံစီးရီးကို Beverly Hills, 90210 (1990–2000) ၊ Melrose Place (1992–1999) ၊ Sex and the City (1998–2004) နှင့် ၂၀၁၅ ခုနှစ်ကစတင်ပြီး လက်ရှိအချိန်ထိ ထုတ်လွှင့်ပြသနေဆဲဖြစ်သည့် Younger (2015–present) ရုပ်သံစီးရီးများဖြင့် လူသိများသည့် အမေရိကန်ဒါရိုက်တာ Darren Star က ရိုက်ကူးပုံဖော်ပေးထားပြီး Netflix မှတစ်ဆင့် ကြည့်ရှုရမည်ဖြစ်သည်။


အဆိုပါ စီးရီးထဲတွင် Lily Collins နှင့်အတူ အခြားသရုပ်ဆောင်များဖြစ်ကြသည့် Ashley Park ၊  Philippine Leroy-Beaulieu ၊ Lucas Bravo ၊ Samuel Arnold ၊ Camille Razat နှင့် Bruno Gouery တို့လည်း ပါဝင်ထားကြသည်။ အပိုင်းတစ်ပိုင်းကို မိနစ် ၃၀ ကြာ ထုတ်လွှင့်ပြသသွားမည်ဖြစ်ပြီး အပိုင်း ၁၀ ပိုင်းခွဲထားသည်။ အဆိုပါ Emily in Paris ရုပ်သံစီးရီး Trailer ကို တစ်ရက်အတွင်း YouTube ပေါ်တွင် ဝင်ရောက်ကြည့်ရှုကြသည့် အကြိမ်ရေ သိန်းချီရှိနေသည်။                                                              


  (WP)






အခြားဆက်စပ်သတင်းများ