နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Covid-19 ကုသရေးအတွက် အခမဲ့ဆေးခန်း ဖွင့်လှစ်လိုသည့် ဆရာဝန်များကို သင်တန်းစတင်ပို့ချ

ရန်ကုန် ဧပြီ ၂၄ Covid-19 ရောဂါကာကွယ်ရေး၊ကုသရေးနှင့် အသိပညာပေးရေးတို့အတွက် အခမဲ့ Fever Clinic ဖျားနာ လူနာကုသဆေးခန်းများဖွင့်လှစ်ရန် ဆန္ဒရှိသည့် စေတနာ့ဝန်ထမ်းဆရာဝန်များကို သင်တန်းများ စတင် ပို့ချ လျက်ရှိနေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Fever Clinic ဖျားနာလူနာကုသ ဆေးခန်းများကို စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ဆေးခန်းဖွင့်လှစ်ရန် ဆန္ဒရှိသည့် စေတနာ့ဝန်ထမ်းဆရာဝန်များကို Guide Line ချကာ သင်တန်းပို့ချလျက်ရှိသည်။ COVID-19 ရောဂါသံသယလူနာ ဟုတ်/မဟုတ်စစ်ဆေးပေးမည့် Fever Clinic ဆေးခန်းများကို စေတနာ့ဝန်ထမ်းဆရာဝန်များ သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ခဲ့သော်လည်း ဆရာဝန်များ၏ ကျန်းမာရေး စောင့်ရှောက်မှုအာမခံချက်အတွက် အန္တရာယ်မရှိစေရန် ရပ်နားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Guide Line များဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးသင်တန်းပေးနေခြင်းဖြစ်သည်။ ဆေးရုံသို့ ရောက်ရှိသောလူနာများကို သံသယလူနာ၊ ရိုးရိုးလူနာ ခွဲခြားမသိသေး၍ PPE ဝတ်စုံများ မဝတ်ဘဲ စမ်းသပ်မိခြင်းမျိုးရှိကာ Fever Clinic များဖွင့်လိုသည့် ဆရာဝန်များကို ဆေးခန်းပြင်ဆင်မှုများ၊လူနာကို စနစ်တကျစစ်ဆေးနည်းများ စသည်တို့ကို သင်တန်းပို့ချပေးနေခြင်းဖြစ်ကြောင်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။ အဆိုပါ Fever Clinic ဆေးခန်းများသို့ သွားရောက်ပြသမည့် ပြည်သူများအနေဖြင့်လည်း အခကြေးငွေ ပေးရန်မလိုဘဲ ဆေးကုသမှုခံယူနိုင်မည်ဖြစ်သည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ